******နွေဟာ ပျော်စရာမကောင်းပြန်ဘူး အစ်ကို သွေးနံ့လွှမ်းနေတဲ့ သတင်းတွေက အင်တာနက်ပေါ်မှာ ပျံ့နေဆဲ အဆင်မပြေမှန်းသိပေမဲ့ အဆင်ပြေရဲ့လားဆိုပြီး စာတွေပို့နေမိတဲ့ ကျတော့်ကိုယ်ကျတော် လိပ်ပြာမလုံသလို ခံစားရတယ်
******မက်မက်မောမော လိုချင်မိတာဆိုလို့ အစ်ကို့ဆီက ချစ်ခြင်းမေတ္တာတစ်ခုတည်းပါ ဘာရယ်ကြောင့် ပေးဖို့ အက်လောက်ခက်နေရလဲ မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုမှ မိုက်မိုက်ကန်းကန်း ချစ်နေတဲ့ ကျတော် နှလုံးသားကိုလည်း စိတ်နာချင်လိုက်တာ
******အစ်ကိုရှိတဲ့ အက်ဒီအညာမြို့လေးကို တိုက်ဆိုင်မှု ရေရေရာရာ မရှိပါပဲ ဒီရက်ပိုင်း ကျတော်လွမ်းနေမိပြန်တယ် တစ်ယောက်ထဲ ခရီးသွားနေရတဲ့ အချိန်တွေကို သိပ်လွမ်းတာပဲ အက်ချိန်တုန်းက အစ်ကိုဟာ ကျတော့်ကို ဂရုတစိုက်နဲ့ နွေးထွေးခဲ့ဖူးတာကိုး
*****ဝေးကွာသွားခြင်းက တစ်ကယ်ကို အကြောင်းပြချက်မရှိခဲ့ဘူး ဘာပဲဖြစ်ဖြစ် အစ်ကို ညီမကိုတော့ ပစ်မထားပါနဲ့ သတိမရရင်နေပါ အဆက်သွယ်တော့ မဖြတ်လိုက်ပါနဲ့လို့ အတန်တန်တောင်းပန်နေခဲ့တဲ့ကြားက အဆက်သွယ်တွေကို ရုတ်တရက်ဖြတ်ပစ်ခဲ့ရက်တယ်
*****ရင်ဘက်ထဲမှာ ခများကို ထည့်ထားပြီးမှ ရှင်သန်နေရတဲ့ ဘဝကြီးက ပျော်စရာမကောင်းဘူး အစ်ကို တစ်ခုပဲမေးချင်တာပါ အစ်ကို ညီမကို တစ်ကယ်သတိမရခဲ့ဘူးလား တစ်ခါလေးတောင် မလွမ်းဖြစ်ခဲ့ဘူးလား
*****အတိတ်ကအရာတွေထဲ ဘယ်အရာကို ပြန်လိုချင်ပါသလဲဆိုရင် ကျတော့်အပေါ် နွေးထွေးခဲ့ဖူးတဲ့ ခများကို ပြန်လိုချင်တယ် တာဝန်အရဆိုတဲ့ စကားတွေနဲ့ မအားသေးဘူးဆိုတဲ့ အကြောင်းပြချက်တွေကြား ကျဆုံးခဲ့တဲ့အရာက အမျိုးသမီးတစ်ဦးရဲ့ နှလုံးသားတစ်ခုတဲ့လား ခများရယ်
*****ဝေးကွာသည်ဟုပြောရအောင်လည်း အစကတည်းက ကျတော်တို့ မနီးစပ်ခဲ့ကြဘူး အစ်ကို့သူငယ်ချင်းတွေနဲ့ အဆက်သွယ်ရပြီး အစ်ကိုတစ်ယောက်တည်းနဲ့ အဆက်သွယ်ပျက်ခဲ့ရတာ ဘာကြောင့်လဲ တစ်ခုခုဆို အရင်ဆုံး ကျလာတာ မျက်ရည်ပဲ အစ်ကို ပိုင်ဆိုင်တာဆိုလို့ သတိရခြင်းတွေနဲ့ မျက်ရည်တွေသာ
*****ရင်းနှီးပြီးမှ ပြန်စိမ်းသွားတဲ့ သူစိမ်းတွေပေါ့ အစ်ကိုရာ အစ်ကို့ကမ္ဘာမှာ ညီမမပါပေမဲ့ ညီမကမ္ဘာမှာတော့ အစ်ကိုဟာ မရှိမဖြစ် လိုအပ်ပါတယ်
*****ခများရှိတယ်ဆိုတဲ့အတွေးနဲ့ မပြန်ဖြစ်တဲ့စာတွေ မကိုင်ဖြစ်တဲ့ဖုန်းတွေ အများကြီးပါ ခများမချစ်တဲ့ ကျတော့်ကို တစ်စုံတစ်ယောက်က ချစ်ပေးလာရင်ရော် အစ်ကိုနည်းနည်းလေးမှ ညီမကို မချစ်ကြည့်ခဲ့ဖူးဘူးလား သတိရတယ်ဆိုတဲ့စကားနဲ့ပဲ အချစ်လို့ ခေါင်းစဉ်တပ်မှားခဲ့တာလား
*****အကြောင်းပြချက် ရေရေရာရာမရှိပါပဲ ကျတော်တို့ဝေးခဲ့ရတယ် ဆေးလိပ်တွေတော့ လျှော့သောက်စေချင်တယ် အစ်ကို စီးကရက်နံ့ စွဲနေတဲ့ အစ်ကို့နှုတ်ခမ်းတွေက အစ်ကို့ပုံစံနဲ့ မလိုက်ဖက်ဘူး အထိအခိုက်နည်းအောင်နေပါ အက်တာမှ အစ်ကိုချစ်တဲ့ အမျိုးသမီးလေး စိတ်ချမ်းသာမှာပေါ့
*****ခများဆီက ပြန်မလာတဲ့ စာတွေကိုမျှော်နေမိတုန်း ခေါ်မလာတဲ့ နံပတ်တစ်ချို့ကို အကြာကြီး စိုက်ကြည့်နေခဲ့ဖူးတယ် ဘဝကခါးတယ်အစ်ကိုရဲ့ကိုယ့်ဘက်က စခေါ်မှ ရင်းနှီးမဲ့ ဆက်ဆံရေးတစ်ခုက ညီမအပိုင်ဖြစ်နေလို့လေ
😓🥺
ESTÁS LEYENDO
My'Dandelion💜
Historia Corta"ကျတော့် အလွမ်းတွေ အစ်ကိုရှိတဲ့ အညာမြို့လေးမှာ ပိတ်မိနေတယ်ထင်ပါရဲ့ လွမ်းလို့ကိုမဝဘူး" "အစ်ကို ညီမကို ပြန်ချစ်တာ မချစ်တာ အရေးမကြီးဘူး အဓိက ညီမချစ်နေတာကို သိရင် ကျေနပ်ပါတယ်" "ခများက နားလည်ရခက်တယ် လူတစ်ယောက်ကိုမချစ်ပါပဲ နွေးထွေးမှုတွေလည်းပေးတက်တာပဲ" "ရ...
