Unicode ✅
-THAT MAN-
ရာသီဥတုကအေးပေမဲ့ သူကတော့ ဒီအအေးဒဏ်တွေကိုမှ နေသားကျနေသယောင်။ အနွေးထည်လည်း မဝတ်ဖြစ်သလို။ ကျောင်းဝတ်ဆုံနှင့်သာ စာသင်ခန်းထဲထိုင်နေမိသည်။
ဒီရက်ပိုင်း သူ့စိတ်တွေဟာ ပုံမှန်မဟုတ်ဘဲ အနည်းငယ် ထူးခြားနေမှန်း သူခံစားနေမိသည်။ အဲ့ဒါကဘာလဲဆိုတော့ အရင်ကသူ့ပုံစံက အရာရာကိုအရှုံးပေးထားသည့် အရှုံးသမားတစ်ယောက်လို လူတွေဆီကနေ အစော်ကားခံရတိုင်း အနှိပ်စက်ခံရတိုင်း ဘာကိုမှတုံ့ပြန်ဖို့မတွေးဘဲ အရှုံးပေးဖို့သာ သူတွေးခဲ့သည်။
အခုနောက်ပိုင်းတော့ ဟိုတလောက သူ့ဆုံခဲ့ရသည့် လူတစ်စုကြောင့် သူ့ခံယူချက်တွေဟာ နည်းနည်းလေး ပြောင်းယွင်းစပြုလာလေပြီ။ အရင်လို အရှုံးပေးမယ်လို့ တွေးမိလိုက်တိုင်း တစ်ဖက်မှာလည်း အရှုံးမပေးနေသ၍ အနိုင်ရနိုင်တာပဲဆိုပြီး သူတွေးတောမိလာလေ၏။
“ငနုံလေး ငါ့အတွက် နေ့လည်စာသွားမှာပေး”
ကျောင်းဆင်းလို့ ထမင်းစားချိန်ရောက်တော့ သူ့အားအနိုင်ကျင့်နေကြ ကျောင်းသားတွေနဲ့ ဆုံရပြန်သည်။ ထုံးစံအတိုင်း ကိုယ့်ဝမ်းကိုယ်ပြည့်အောင် မစားနိုင်ဘဲ သူတို့စားချင်တာတွေ လိုက်မှာပေးရင်း ဒီနေ့လည်း သူအငတ်ခံရဦးမည်ထင်၏။
“ဘာရပ်လုပ်နေတာလဲ သွားမှာလေ”
“ကျွန်တော်မလုပ်နိုင်ဘူး”
သူ့ဆီကထွက်လာတဲ့ တုံ့ပြန်ချက်ကြောင့် အားလုံးကတိတ်ဆိတ်သွားလေရဲ့။ ကျောင်းမှာ လူတိုင်းကိုအနိုင်ယူတက်သည့် ကျောင်းသားကိုမှ သူကအာခံလိုက်တာဆိုတော့ အားလုံးလည်း အံ့ဩသွားကြသည်ထင်။ သူ့အားစိုက်ကြည့်လာကြလေ၏။
“ဘာပြောတယ် မင်းပြောပြလိုက် စောနကစကားကို”
“ကျွန်တော်မလုပ်နိုင်ဘူး ဒီနေ့ရော နောက်နေ့တွေအတွက်ပါ ကျွန်တော် ဒီအလုပ်တွေ မလုပ်ပေးနိုင်တော့ဘူး”
စိတ်ထဲရှိရာပြောပြစ်လိုက်ပြီး သူထိုကျောင်းသားတွေရှေ့ကနေ ထွက်သွားဖို့ ပြင်လိုက်တော့သည်။ စိတ်ကိုဘယ်လောက်ပဲ တင်းထားတင်းထား။ ဒီလိုသန်မာတဲ့အသွင်က သူနဲ့နေသားမကျသေးတာမို့ သူ့စိတ်ထဲတော့ ကြောက်စိတ်တွေဝင်နေပြီမဟုတ်လား။
YOU ARE READING
-THAT MAN- [Complete]
Fanfiction"ကျွန်တော်ကို လေးလေးစားစား ဆက်ဆံပါ လူကြီးမင်း" "လေးလေးစားစားတော့ မဆက်ဆံချင်ဘူး Role Play ဆိုရင်တော့ မဆိုးပါဘူး"