ပြာယာရဲ့ဒါဒါလေးတွေကိုပြာယာအရမ်းချစ်တာနော် မင်းလေးတို့သိဖို့ကောင်း
___________________________________
"အင့်......ထယ်ယောင်း"
"အွန်း မောင်ရှိတယ်"
"မောင်"
"ပြောလေ မောင့်အချစ်"
"ချစ်တယ် ချစ်တယ်"
"အူယားစရာလေးကွာ"
ရင်ခွင်ထဲတိုးဝင်ကာအိပ်စက်နေတဲ့အမူးသမားလေးကတော့ အပူကန်ကာတစ်ကိုယ်လုံးချွတ်ထားလေရဲ့ boxerတောင်အတင်းပြောလို့ဝတ်ထားတာပင် အခုလည်းသူ့ရင်ခွင်ထဲအနံ့တရှူရှူဖြင့်ခွေးပေါက်လေးအလား
ကိုယ့်မှာဥပုသ်မစောင့်တဲ့ကျားဆိုပေမယ့်လည်း ဥပုသ်စောင့်နေရသည် ဘာတဲ့
*ဖင်နာအောင်ထပ်မလုပ်နဲ့နော် ဖင်နာရင်မနက်ဖြန်ကစအမွေပြတ်စွန့်လွှတ်မယ်ဆိုပဲ့ ပိုက်ဆံတော့မဟုတ်ဘူး အချစ်တွေကိုတဲ့*
ဒီလိုစကားတွေနှင့်လည်းအကြပ်ကိုင်တတ်သေးသည် ကြားလေးတိုးဝင်မရလောက်သည့်အနေထားထိတင်းကြပ်ဖက်ကာစောင်ပါးလေးကိုလည်းခြုံထားပေးရသေး Air conလေကအန္တရာယ်များသည်မလား
"အချစ်"
"ဗျား!"
"အိပ်ပြီလား"
"အွန်း အိပ်ပြီ"
"အချစ်သိလား မောင်ကအချစ်ကိုတစ်ခုခုဖုံးကွယ်ထားတယ်ဆိုတာ"
"ဟင့်အင်း"
"တကယ်လို့မောင်ကအချစ်ထင်ထားသလိုမဟုတ်ခဲ့ဘူးဆိုရင်အချစ်ကိုယ့်ကိုမုန်းမှာလား"
"မုန်းပါဘူး ဒါပေမယ့် မုန်းသင့်တဲ့အထိဖုံးကွယ်ထားရင်တော့ မုန်းမိမှာ"
"မမုန်းလို့မရဘူးလားဟင်အချစ်"
"မရဘူး ဖုံးကွယ်တယ်ဆိုတာအပြစ်တစ်ခုပဲ့ အပြစ်တစ်ခုအတွက်အပြစ်ဒဏ်ဆိုတာအမြဲရှိတယ်"
"မွ! ကိုယ်အချစ်ကိုငယ်ငယ်လေးတည်းကချစ်ခဲ့တာသိလား"
"အချစ်တို့ကတွေ့ဖူးလို့လား"
"အချစ်ကမတွေ့ဖူးပေမယ့် ကိုယ်ကအချစ်ကိုတွေ့ဖူးတယ်"
"အဲဒီတော့ဘယ်မှာတွေ့တာလဲဟင်"

YOU ARE READING
~Bodyguard~ (Z+U)[COMPLETED]
Fanfictionလုံးဝအမှောင်ပါ အမှောင်ကြောက်သူများမဝင်ရ ကိုယ်ကအမြဲတမ်းမင်းအနားကရန်တွေကိုကာကွယ်ပေးမယ့်တစ်ဦးတည်းသောမင်းအပိုင်ကိုယ်ရံတော်လေးပဲ့ start date-10.1.2023 ending date-2.8.2023 အမှောငျကွောကျသူမြားမဝငျရ လုံးဝအမှောငျပါ ကိုယျကအမွဲတမျးမငျးအနားကရနျတှကေိုကာကှယျပေ...