Uni
လီဆာတို့ကားလေးရပ်သွားတဲ့နေရာက အိမ်အကြီးကြီတစ်လုံးရယ် ခြံအကျယ်ကြီးရယ်ရှိတဲ့အရှေ့မှာ... အိမ်ကြီးကတော်တော်ကြီးတာ တစ်ယောက်ထဲနေရမယ်ဆိုရင်တောင်နေရဲမှာမဟုတ်ဘူး အရမ်းလဲတိတ်ဆိတ်လွန်းတယ်....
-ဒါဆို Dad တို့ပြန်တော့မယ်နော် jen....
-ဟုတ်ကဲ့ dad ဂရုစိုက်ပြန်နော် နောက်နေ့မှjenလာခဲ့ပါ့မယ်...
-ဟုတ်ပါပြီ...ဂျန်းနီရဲ့အဖေနဲ့အမေက နှုတ်ဆက်ပြီးကားနဲ့ထွက်သွားကြတယ် လီဆာထင်ခဲ့တာက လီဆာတို့နဲ့အတူနေမယ်လို့လေ ဒါပေမဲ့ဘယ်လိုကြီးလဲ....လီဆာတွေးနေတုန်းမှာပဲ ဂျန်းနီက...
-လာလေ လီလီ အထဲဝင်ရအောင်...
-တကယ်ပဲဒီမှာလီလီတို့နှစ်ယောက်ပဲနေမှာလား ကင်မ်...
-အင်း ဘာဖြစ်လို့လဲ ကြောက်လို့လား...လီဆာဖြစ်နေတဲ့မျက်နှာကို သိတာကြောင့် ဂျန်းနီမေးလိုက်သည်...
-ဟုတ်ကင်မ် အရမ်းတိတ်နေသလားလို့...
ထိုသို့ပြောလိုက်တော့ ဂျန်းနီကရယ်လိုက်သည်....
-လာပါအထဲရောက်မှပြောပါ..
လီဆာ ဂျန်းနီနဲ့အတူအိမ်ထဲလိုက်လာခဲ့တယ် အထဲမှာစောင့်နေတဲ့သူက.....
-ချယ်....အမဂျီဆူး...
-ဘယ်လိုလဲ အံဩသွားလား လီဆာ...
-နင်တို့ကဘယ်လိုရောက်နေတာလဲ...
-အမနဲ့ဂျန်းနီနဲ့က ဒီအိမ်ကြီးကိုစပ်တူဝယ်လိုက်တာလေ...ပြီးတော့ ချယ်ရောဒီမှာပဲနေမှာ လီဆာနဲ့အတူတူပေါ့..လီဆာ့မှာဘာပြောရမှန်းမသိတော့ပဲ တိတ်ဆိတ်နေခဲ့သည်...
-ကဲ အခုတစ်ယောက်ထဲမဟုတ်တော့ဘူးဆိုတော့ ကြောက်သေးလားလီလီ...
-ဟဲဟဲ...မကြောက်တော့ဘူး ကင်မ်...
-အမလေးနော် သူ့ကင်မ်ရှေ့ရောက်တော့မျက်နှာကတစ်မျိုး...ချယ်ယောင်းအပြောကြောင့် အကုန်လုံးရယ်နေကြတယ်....လီဆာလဲ ပါလာတဲ့ပစည်းတွေကိုအခန်းထဲထည့်နေတယ် ဂျန်းနီလဲအတူတူပေါ့...
ပစည်းတွေထည့်ပြီးတော့ လီဆာကကုတင်ပေါ်မှာထိုင်နေတယ်...ခဏနေတော့ဂျန်းနီက လီဆာ့အနားကိုလာပြီး...

YOU ARE READING
Our destiny 🌼🤍(complete)
Romanceဇာတ်ကောင်စရိုက်။ ။ မိဘတွေရဲ့ ထိန်းချုပ်မှုအောက်မှာ စိတ်ဆင်းရဲမှုတွေနဲ့အတူရှင်သန်နေရတဲ့ လီဆာ......🌻 မိဘကိုအားမကိုးပဲ တစ်ယောက်ထဲရပ်တည်နေပြီး ငွေရှိ ဂုဏ်ရှိ အကြင်နာတရားရှိပြီး သိပ်ကိုစွဲလမ်းဖို့ကောင်းတဲ့မိန်းကလေး ဂျန်းနီကင်မ်..... ဒီဇာတ်လမ်းလေးက 199...