"သားရေ ခန့်ထူး ကျောင်းကိုထီးယူသွားဖို့မေ့မယ်နော် အိမ်ရှေ့မှာ ချိတ်ထားတာ ယူဖြစ်အောင်ယူသွားဦး"
"ဟုတ်ကဲ့အမေ "
ဒီနေ့ရာသီဥတုအခြေအနေသိပ်မကောင်းတာမို့ ထီးယူသွားမှဖြစ်မည် အပြန်မိုးမိရင်မလွယ်ဘူး။
"မနက်စာအရင် စားသွားဦး ပြီးမှသွား"
"မစားတော့ဘူး အမေ သားနောက်ကျနေပြီ"
"ငါးမိနစ်လောက်နဲ့တော့ ထူးပြီးနောက်ကျမသွားပါဘူးဟယ်။ မြန်မြန်စားပြီး မြန်မြန်သွား ကျောင်းရောက်ရင် ဗိုက်ဆာနေမယ်"
ကျောင်းနောက်ကျတော့မှာမို့ မနက်စာမစားတော့ဘူးလို့ပြောနေတာတောင် အမေကမရ အတင်းကိုကျွေးနေတော့တာပဲ။ မစားရင်လည်း ပွစိပွစိနဲ့ပြောလို့ပြီးမှာမဟုတ်တာကြောင့် မနက်စာအမြန်စားပြီး ကျောင်းကို စက်ဘီးခပ်မြန်မြန်လေးနင်းပြီး သွားရတယ် ။
"ဟေ့ရောင် သန့်စင် ဒီနေ့ ခန့်ထူးမလာသေးဘူးလား"
"မသိဘူးလေ ငါကသူနဲ့အတူနေတာမှမဟုတ်တာ"
ခါတိုင်းဆို ကျောင်းကိုအစောကြီးရောက်တတ်တဲ့ကောင်က ဒီနေ့တော့ ကျောင်းခေါင်းလောင်းထိုးပြီးလို့ ဘုရားရှိခိုးခါနီးတောင် ရောက်မလာသေးဘူး။ နေများမကောင်းလို့လား။ မဟုတ်သေးပါဘူး မနေ့ကတောင်အကောင်းကြီးပါ။ ဘာများဖြစ်လို့ပါလိမ့်...။
"ဆရာမ ၀င်ခွင့်ပြုပါခင်ဗျ"
"သြော် အေး..အေး ..၀င်ခဲ့ နောက်တစ်ခါနောက်မကျစေနဲ့နော်"
"ဟုတ်ကဲ့ပါဆရာမ"
ကျောင်းခန်းထဲရောက်တော့ အားလုံးက ဘုရားတောင်ရှိခိုးနေကြပြီ။ မနက်စာမစားခဲ့မိရင်ကောင်းသားအခုတော့ ကျောင်းနောက်ကျရပြီ။
"ဟေ့ရောင် မင်းဘာလို့နောက်ကျနေတာလဲ ငါကမင်းမလာတော့ဘူးတောင် ထင်နေတာ ဘာလဲ ၀ူခုံးကားကို ညလုံးပေါက်ထိုင်ကြည့်နေလို့လား "
"မင်းပါးစပ်ပိတ်ထားလို့မရဘူးလား တော်တော်စကားများတာပဲ "
အခန်းထဲရောက်ကတည်းက စစ်ဆေးမေးမြန်းနေတာ တကယ်မပြီးနိုင်တော့ဘူး။ ဒီကြားထဲ ၀ူခုံးကား ကိစ္စက ဘာလို့ပါလို့ပါလာရတာလဲ ။မနေ့က ကိစ္စကိုပြန်တွေးမိရင် လူကတကယ်ကို ခြေဖျားလက်ဖျားတွေ အေးချင်လာတာ။
YOU ARE READING
𝑅𝑖𝑔ℎ𝑡 𝑃𝑒𝑟𝑠𝑜𝑛
Romanceပေါ့ပေါ့ပါးပါး ကျောင်းသားဘဝအချစ်ဇာတ်လမ်းပုံစံမျိုးလေးမို့ plotသိပ်ရှိမယ်လို့မထင်မိပါဘူး ။ *𝑐𝑜𝑣𝑒𝑟 𝑝ℎ𝑜𝑡𝑜 𝑓𝑟𝑜𝑚 𝑝𝑖𝑛𝑡𝑒𝑟𝑒𝑠𝑡*