part-10

1K 68 4
                                    

Uni


လီဆာအိမ်ပြန်ရောက်တာနဲ့ အိမ်ကလူတွေမသိအောင် ကင်မ်နဲ့လိုက်သွားဖို့အဝတ်စားတွေထည့်ပြီး မမြင်နိုင်တဲ့နေရာမှာဝှက်ထားလိုက်တယ်....

လီဆာပျင်းနေတာနဲ့ ဒိုင်ယာရီစာအုပ်ကိုလှန်ကာ ကင့်မ် ရဲ့အကြောင်းတွေကိုချရေးပါတော့တယ်....

သိပ်ချစ်တယ်ကင်မ် ကင်မ်ကလီဆာ့ဆီကိုရောက်အောင်လာခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ကင်မ်...လီဆာလေ ကင်မ်နဲ့အတူရှိနေတဲ့အချိန်တွေဆို သိပ်ပျော်တယ်သိလား....သိပ်ကိုလှပပါတယ်ဆိုတဲ့ကောင်းကင်ကြီးကလဲ ကင်မ်နဲ့ဆုံတဲ့အချိန်ဆို ဘာမှမဟုတ်သလို...လီဆာသိပ်ကြိုက်ပါတယ်ဆိုတဲ့နေကြာတွေကလဲ ကင့်မ်ကိုတွေ့တာနဲ့ နေမင်းကြီးကိုတောင်မကြည့်တော့ပဲ
ကင့်မ် ကိုသာကြည့်နေသလို....လီဆာပြောတာမမှားနိုင်ပါဘူး ကင်မ်ကအဲလောက်ထိတောင်ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးဖြစ်နေလို့ပေါ့....👩🏻

လီဆာကလေကင်မ်နဲ့အတူဒီနေရာနဲ့အဝေးကိုရောက်သွားခဲ့ရင် ကင်မ်သိပ်ကြိုက်တဲ့ ဒေစီခင်းကြီးထဲမှာ ကင့်မ်ရဲ့လက်ကိုတဲွဲပြီး ပြေးနေချင်တယ်....သေချာတာတစ်ခုကတော့ အဲ့ဒေစီခင်းကြီးကလဲ ကင့်မ်ကိုမှီအောင်လှနိုင်မှာမဟုတ်ဘူးဆိုတာ....

-လီဆာ ကိုယ်ဝင်လာလို့ရမလား....

အခန်းဝကနေဆော့ဘင်းအသံကြားတာကြောင့် လီဆာ ဒိုင်ယာရီစာအုပ်ကိုအမြန်ပိတ်ပြီး အံဆွဲထဲထည့်လိုက်ရတယ်...

-ပြောစရာရှိရင် ကျွန်မလာခဲ့ပါမယ် အောက်က ဧည့်ခန်းမှာ
စောင့်နေပါ...

-အင်းအင်း ကိုယ်စောင့်နေမယ်...

ပြောပြီးတာနဲ့ဆော့ဘင်းက အောက်ထပ်ကိုဆင်းသွားတယ်...အိမ်မှာလဲအဖေရောအမေရောက အလုပ်သွားကြတာမို့အိမ်အကူနှစ်ယောက်ရယ်လီဆာရယ် ဆော့ဘင်းသာရှိသည်....

-ဘာပြောစရာရှိလို့လဲ ဆော့ဘင်းရှင့်....

-အင်း ကိုယ်နဲ့ဒီအပတ်sunday အပြင်လိုက်ခဲ့ပါလား...

-ကျွန်မမအားဘူးဆော့ဘင်း လုပ်စရာတွေရှိသေးတယ်...

-ဒါဆိုနောက်အပတ်ထဲရော...

Our destiny 🌼🤍(complete) Where stories live. Discover now