part-9

944 67 2
                                    

Uni

နောက်နေ့မနက်မှာတော့ လီဆာ့ရဲ့အမေနဲ့အတူ ရဲမင်းကြီးသား ဟန်ဆော့ဘင်းပါရောက်လာခဲ့တယ်...လီဆာ ကတော့
ကင်မ်နဲ့ဘယ်လိုတွေ့ရပါ့မလဲဆိုတာကိုသာတွေးနေမိတော့တယ်....

လီဆာ့ကိုတွေ့တာနဲ့ဆော့ဘင်းကအတင်းလိုက်ကပ်နေတော့တယ် ဒါတွေကိုလီဆာဘယ်လိုရှောင်ရပါ့မလဲ...

-ဆော့ဘင်း သားတို့နှစ်ယောက်စကားပြောကြအုန်းနော် အန်တီသားဦးလေးနဲ့သွားတွေ့လိုက်အုန်းမယ်...

ဟုတ်ကဲ့အန်တီ...

လီဆာ့အမေကသူ့အဖေရှိတဲ့ အပေါ်ထပ်ကအခန်းကိုတတ်သွားတော့ လီဆာနဲ့ဆော့ဘင်းနှစ်ယောက်သာကျန်ခဲ့သည်...ဒီအချိန်မှာ ဆော့ဘင်းကလီဆာ့လက်ကိုကိုင်ပြီး...

လီဆာ ကိုယ်တို့လက်ထပ်ဖို့ကို လီဆာ့ဘက်ကခေါင်းညိမ့်ပေးပါလား ကိုယ်လီဆာ့ကို တကယ်ချစ်မိနေလို့ပါ...

ကျွန်မလက်ကိုလွတ်ပါ ဆော့ဘင်း ကျွန်မရှင့်ကိုမချစ်ဘူး အဖေတို့ကအတင်းစီစဥ်ရင်တောင် ကျွန်မကိုယ့်ကိုကိုယ်သတ်သေပစ်မယ် ရှင့်ကိုတော့ ဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူး...

ပြောပြီးတာနဲ့ ဆော့ဘင်းဆွဲထားတဲ့လက်ကိုရုန်းပြီး အခန်းထဲ
​ြပန်ဝင်သွားတဲ့လီဆာ့ကိုကြည့်ပြီး...

မင်းဘယ်လောက်ငါ့ကိုငြင်းနိုင်မလဲကြည့်ကြသေးတာပေါ့လီဆာ အခုတော့မင်းကိုလွတ်ထားပေးလိုက်မယ်...

လီဆာအခန်းထဲရောက်တာနဲ့ ငိုနေမိတယ် ကင်မ်ကလွဲပြီးဘယ်သူ့ကိုမှလီဆာမချစ်နိုင်ဘူး လီဆာတကယ်လိုအပ်တာ ကင်မ်ပဲ...

🌼🌻

ဂျန်းနီ မျှော်နေတာတစ်ပတ်လောက်ရှိပြီ ဒါပေမဲ့ လီဆာရောက်မလာခဲ့ဘူး....ဘာလို့လဲ ဘာလို့များတို့ဆီရောက်မလာနိုင်တာလဲ မင်းအဆင်မှပြေရဲ့လား လီဆာ....

ဂျန်းနီတွေးနေတုန်းမှာပဲ ဆိုင်တံခါးဖွင့်သံနဲ့အတူ သူမသိပ်မြင်ချင်နေတဲ့ မျက်နှာလေးကိုတွေ့လိုက်ရတယ်....ဒီအချိန်မှာဘာကိုမှမမြင်နိုင်တော့တဲ့အထိလွမ်းနေခဲ့ရသူမို့ လီဆာ့ကို ဂျန်းနီပြေးဖက်လိုက်တယ်....

Our destiny 🌼🤍(complete) Where stories live. Discover now