part-8

935 71 4
                                    

Uni

မနက် ၅နာရီခွဲ.....

ဂျန်းနီနိုးလာချိန်ဘေးနားက သူမရဲ့အကောင်ပေါက်လေးက နှုတ်ခမ်းလေးထော်လို့အိပ်ပျော်နေတုန်း....
လီဆာမသိအောင် ဂျန်းနီ လီဆာ့ရဲ့နှုတ်ခမ်းလေးကို ခပ်ဖွဖွအနမ်းတစ်ပွင့်ပေးလိုက်တယ်...

မင်းသိလားလီဆာ ဒီအနမ်းကလေတို့အတွက် မင်းကိုပဲပေးလိုက်တဲ့ ပထမဆုံးအနမ်းဆိုတာ....
တို့နှစ်ယောက်ပေါင်းဖက်ဖို့သာ ကံကြမ္မာက စီရင်ပေးလိုက်တယ်ဆိုရင် တို့နောက်ဆုံးအချိန်ထိမင်းတစ်ယောက်ထဲကိုပဲ..
အနမ်းတွေထပ်ခါထပ်ခါပေးနေချင်တယ်....

မင်းကလေတို့အတွက်တော့ ဖက်တွယ်ချင်စရာလက်တစ်စုံ ဆွဲထားချင်တဲ့လူတစ်ယောက် မေ့ဖို့ခက်တဲ့လူတစ်ယောက်ဖြစ်တာမို့ တို့ကိုခွဲမသွားပါနဲ့လို့တောင်းဆိုပါရစေ...

ဂျန်းနီအရင်နိုးတာမို့ လီဆာ့ကို ခဏနေမှနိုးမယ် ဆိုပြီးနိုးလာရင်စားဖို့မုန့်သွားပြင်နေတယ်....နာရီကိုမကြည့်မိပဲ မနက်စာပြင်ပြီးတဲ့အချိန်က ၆နာရီ၁၀မိနစ်ဖြစ်နေခဲ့ပြီ...ဒါနဲ့ဂျန်းနီ လီဆာ့ကိုနိုးဖို့အပေါ်ကိုအမြန်တတ်လာခဲ့တယ်....

" လီဆာ....လီဆာ....ထတော့လေ ၆နာရီကျော်နေပြီ"

" ဟမ်! ဟုတ်လား ကင်မ် ဒါဆိုနောက်ကျနေတော့မှာပဲ လီဆာမျက်နှာသစ်လိုက်အုန်းမယ်"

" မနက်စာစားသွားမယ်မလား တို့ပြင်ပြီးသွားပြီ"

လီဆာ ခဏတာရပ်ပြီး စဥ်းစားနေတယ်...

" ဟုတ် စားသွားပါ့မယ် အဖေကမနက်အသောပိုင်းရောက်မယ်ဆိုပေမယ့် အချိန်တွေကကျန်ပါသေးတယ် လီဆာကသာကြောက်နေလို့"

" အင်းပါ ဒါဆိုမျက်နှာအမြန်သစ်လေ ပြီးရင်အောက်ကိုဆင်းခဲ့လိုက်"

" ဟုတ်ကဲ့ ကင်မ်..."

ကင်မ် သိလား အဖေကခဏနေရင်ပြန်ရောက်တော့မှာ မနက်စာစားမသွားရင်တောင်မှီချင်မှမှီမှာ ဒါပေမဲ့ ကင်မ် မနက်စောစော ပင်ပင်ပန်းပန်းနဲ့ပြင်ဆင်ထားရတာမို့ လီဆာမငြင်းချင်ဘူး အဖေရိုက်လဲရိုက်ပါစေတော့ ကင့်မ်ကိုတော့ စိတ်ချမ်းသာစေချင်တယ်.....

Our destiny 🌼🤍(complete) Where stories live. Discover now