part-7

990 65 1
                                    

Uni

လီဆာ ဂျန်းနီဆိုင်သိမ်းချိန်မို့ သူပါဆိုင်ဝိုင်းသိမ်းပေးနေရင်းဆိုင်ထဲကို အမျိုးသားတစ်ယောက်ဝင်လာတယ်...

" မမလေး သူဌေးကပေးခိုင်းလိုက်လို့ပါ"

ဂျန်းနီကိုကြည့်ပြီး အဲ့အမျိုးသားက စာအိပ်တစ်အိပ်ကိုလှမ်းပေးတယ်....

" အင်း Appa တို့ရောနေကောင်းကြလား ဟွန်းစစ် "

" ဟုတ် မမလေး နေကောင်းကြပါတယ် ပြီးတော့ သူဌေးက သူ့ကုမဏီကို ဘယ်တော့လာမလဲမေးခိုင်းလိုက်ပါတယ်"

" မလာချင်သေးဘူးလို့ ​ငါ့အလုပ်တွေရှိသေးတယ်"

" ဟုတ်ကဲ့ပါ ပြောလိုက်ပါ့မယ် ပြန်ခွင့်ပြုပါအုန်းမမလေး"

" အင်း"

အမျိုးသားဆိုင်ထဲကထွက်သွားတော့ ကင်မ် ကလာပေးထားတဲ့စာအိပ်ကို ဖွင့်ဖတ်နေတယ်....ပြီးတော့မျက်နှာလဲမကောင်းဘူး..

" ဘာဖြစ်လို့လဲ ကင်မ်"

" ဘာမှမဟုတ်ပါဘူး ထားလိုက်တော့လီဆာ ကျန်တာဝန်ထမ်းတွေလုပ်လိမ့်မယ် အပေါ်တတ်ကြမလား"

" ဟုတ် ကင်မ်"

လီဆာနဲ့ဂျန်းနီ အပေါ်တတ်အခန်းကိုတတ်လာပြီး ခြေလက်ဆေး ညစာစားဖို့ပြင်ကြတယ်...

" ကင်မ်...ဘာလို့မိဘတွေနဲ့အတူမနေတာလဲဟင်"

" တို့မိဘကလဲမင်းမိဘနဲ့အတူတူပဲ အရမ်းချုပ်ချယ်တယ် ဒါကြောင့်မနေချင်လို့ တစ်ယောက်ထဲထွက်လာခဲ့တာ သိတယ်မလား တို့ကမိဘချုပ်ချယ်တာလုံးဝမကြိုက်ဘူး နောက်ဆုံးကိုယ့်ဘဝကိုပဲတည်ဆောက်ရမှာလေ..."

ဂျန်းနီပြောလိုက်တော့ လီဆာ့မျက်နှာလေး တစ်ချက်ပျက်သွားတယ်...လီ​ဆာလဲလေ ကင့်မ်လို့ သတိရှိချင်လိုက်တာ ဒါပေမဲ့ လီဆာကြောက်တယ်....

" မင်းသိလား တို့အိမ်ကထွက်လာတုန်းကလဲ တစ်ယောက်ထဲရပ်တည်ခဲ့ရတာ အဲ့အချိန်ကအရမ်းပင်ပန်းခဲ့ရတာ မင်းကတစ်ယောက်ထဲမို့လို့ကြောက်နေတာမလား အဲ့ဒါဆိုရင်အခုတို့ရှိနေပြီပဲကို ကြောက်စရာမရှိပါဘူး... "

Our destiny 🌼🤍(complete) Where stories live. Discover now