ရိပေါ်စကားကြောင့် ကုတင်အောက် ကြွေပားပေါ်ခြေချရန်ပြင်နေသည့်ရှောင်းကျန့်ခြေထောက်များထုံကျင်ကာ ကုတင်ပေါ်အသာလေး ပြန်ထိုင်နေရသည်။

ကုတင်အောက်ပိုင်းအစွန်းတွင် ဖင်ချိတ်ကာထိုင်နေသည့်ရိပေါ်က ဆေသေတ္တာဘူးကိုအဖုံးဖွင့်နေသလို
ရှောင်းကျန့်ကလဲ ကုတင်အထက်ပိုင်း အစွန်းတွင် ခပ်ကျုံ့ကျုံ့လေးထိုင်နေ၏။

"ထွက်ပြေးဖို့မစဉ်းစားနဲ့!"

ထိုသို့ပြောကာ ၀မ်ရိပေါ်တစ်ယောက် အခန်းအပြင်သို့ထွက်သွားလေတော့သည်။

တစ်ယောက်တည်းကျန်နေခဲ့သည့်ရှောင်းကျန့်က ရိပေါ်ထားခဲ့သော ဆေးသေတ္တာဘူးလေးကို သွားကိုင်ကာ အထဲမှဆေးပစ္စည်းများကိုထုတ်ကြည့်နေ၏။

ခနကြာတော့ ရိပေါ်အခန်းထဲပြန်ဝင်လာသည်။
ရှောင်းကျန့်က မူလအတိုင်း ကုတင်ထောင့်စွန်းလေးကပ်ကာပြန်ထိုင်နေ၏။

"အားကျန့်! ဆင်းလာခဲ့..
ဒီမှါလာထိုင်!"

"ဟုတ်"

ရှောင်းကျန့်ဆေးသတ္တာဘူးလေးကိုပါယူကာ ရိပေါ်ထိုင်နေသော ဆိုဖာပေါ် ငြင်သာစွာ ထိုင်လိုက်သည်။

"ပေး ဒီကို!
ရော့! စား..."

လက်ထဲမှ ဘူးကို ဆက်ခနဲဆွဲလုကာ အသင့်စားခေါက်ဆွဲဘူးအား လက်ထဲထည့်ပေးတော့ ပြူးကြောင်ကြောင်လေးပြန်ကြည့်နေတာမို့ ရိပေါ်က မျက်လုံးတစ်ချက်ပင့်ပြလိုက်မှ ခေါင်းငုံ့သွား၏။

"အလှကြည့်ဖို့ပေးထားတာမဟုတ်ဘူးနော်
မစားသေးဘူးလား ဟင်း....
အဆိပ်ထည့်မထားဘူး စား...."

"ကိုကို..လေး ကရော..."

"ဒီမှါထိုင်ပြီး ဒဏ်ရါဆေးထည့်ဖို့လုပ်နေတာ
မမြင်ဘူးလား"

ဘုကန့်လန့်ပြောလိုက်တော့ ရှောင်းကျန့်ကနှုတ်ခမ်းလေးဆူသွား၏။

"မစားဘူးလား..လို့မေးတာကို..အဟင့်!"

"အသံထွက်မလာနဲ့!
ထလုပ်လိုက်ရင် နာတော့မယ် စား!!"

အမှန်တကယ်ပင် ရှောင်းကျန့်က အသံတစ်ချက်မှထွက်မလာတော့ဘဲ ရိပေါ်ကိုမျက်စောင်းအကြီးကြီးထိုးပါသည်။

Dear Medical Student[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ