အပိုင်း ၃

Začít od začátku
                                    

........

ဟေသူလေးကို စာသင်လို့ပြီးတော့ ၇နာရီခွဲဖို့ ၁၅မိနစ်လောက်လိုသေးသည် စာသင်ရမဲ့အပိုင်းပြီးတာမို့လို့ စာကျက်စရာရှိတာကျက် မကျက်ချင်လည်းငြိမ်ငြိမ်လေးဆော့လို့ပြောခဲ့ပြီး ဘုရားရှိခိုးနေသည်

ဘုရားရှိခိုးပြီးလှည့်ကြည့်လိုက်တော့ ဟေသူမရှိတော့ ထိုင်နေတဲ့မေမေကိုမေးလိုက်တော့...

"မေမေ ဟေသူပြန်သွားပြီလား"

"ခုနကလေးတင်ပဲ သမီး ဘုရားရှိခိုးနေလို့ ကလေးက မပြောပါနဲ့ဆိုပြီးတိတ်တိတ်လေးပြန်သွားလေရဲ့....ပြီတော့ ဒါလေး.... "

ဆုထက် လက်ထဲရောက်လာတဲ့ စာအိတ်လေးတခု ပုံမှန်ထက် ပိုဖောင်းနေတာကြောင့် ဖောက်ကြည့်လိုက်သည်..

စာအိတ်ထဲမှ ပိုက်ဆံထုတ်ပြီးရေကြည့်လိုက်တော့ ၁သောင်းတန်အရွက်၃၀ ၃သိန်းပေါ့

"အို ....    ဒီလောက်အများကြီး....."

မဖြစ်ဘူး နောက်နေ့ကျ ဟေသူလေးကိုပြန်ပေးရမယ်လို့ပြောပြီး စာအိတ်ထဲကို ၂သိန်းခွဲပြန်ထည့်ထားလိုက်သည် ဒီလောက်ပိုက်ဆံအများကြီးမယူချင်ပါ

ဆုထက် ကျူရှင်သင်တယ်ဆိုတာကလည်း အခကြေးငွေအများကြီးလိုချင်လို့မဟုတ် ကျူရှင်မသင်လည်း သူတို့သားမိနေထိုင်စားသောက်နိုင်သည် ကျောင်းမှာသင်တဲ့စာမလိုက်နိုင်တဲ့ကလေးတွေကို အချိန်ပိုခေါ်ရင်း ဟိုကြားဒီကြားနဲ့ သူ့ဆီမှာကျူရှင်လာထားကြခြင်းဖြစ်သည်

ကျူရှင်ကို စီးပွားရေးတခုလိုမျိုး ဆုထက်မလုပ်

....... 

"အန်တီ ဒီနေ့ညနေ K ကုမ္ပဏီက ဦးကောင်းကြွယ်နဲ့ ညစာစားဖို့ရှိပါတယ် ပြီးတော့ နှစ်ချုပ်စာရင်းတွေလည်းလက်မှတ်ထိုးပေးဖို့ရှိပါတယ် ပြီးတော့..  "

"နေပါဦးကွယ် တခုပြီးမှတခု တင်ပြပါ မြမှူးရှိနေတာပဲ ဟုတ်ပြီလား အခုအရင်လုပ်ရမဲ့ကိစ္စကိုပြောနော် "

ဒေါ်စိုးယုမေ တယောက် အမှန်တကယ်ပင် ပင်ပန်းနေပြီ အိမ်အလုပ် ကုမ္ပဏီအလုပ် သမီး‌လေးအလုပ် လူမှုရေး သာရေးနာရေး ကိစ္စတွေအကုန်တာဝန်ယူထားရသည်မလား

~From the eyes to the heart ~Kde žijí příběhy. Začni objevovat