Uni
လီဆာအိပ်ပြန်ရောက်လို့ သိပ်မကြာခင်မှာပဲသူ့အဖေဆီကနေဖုန်းဆက်လာခဲ့တယ် ဒါက ကံကောင်းသွားတာပေါ့ နောက်သာကျခဲ့ရင် သေချာတယ် လီဆာထပ်ရိုက်ခံရမှာ အခုတော့ ဖုန်းပြောပြီးတာနဲ့ သူမအခန်းထဲဝင်ပြီး ကင်မ် ပုံတူဆွဲဖို့ ပန်းချီဆွဲဖို့ပြင်လိုက်တယ် ဒါသူ့အတွက် သုခဘုံလေးပဲလေ ကင်မ် နဲ့ပတ်သတ်တဲ့သုခဘုံလေးပေါ့.....။
ကင်မ် ကလေလီဆာ့အတွက်တော့ မက်လို့မဝတဲ့အိမ်မက်လေးတစ်ခုပဲ မဖြစ်နိုင်ပေမဲ့လဲ အိမ်မက်ထဲကနေနိုးမလာချင်လောက်အောင် ကင်မ် ကလီဆာ့ကိုစိုးမိုးလိုက်ပြီ ဒီနွံထဲကနေလီဆာပြန်မထွက်ချင်တော့ဘူး ကင့်မ် ကိုလွမ်းနေရတာလေးကိုလီဆာပျော်တယ်....
လီဆာ ပုံဆွဲနေတုန်းရင်ဘက်ကအောင့်တတ်လာလို့ ပုံဆွဲတာရပ်ပြီး ပိတ်စအဖြူလေးနဲ့ဖုံးထားလိုက်ပြီး သောက်ဖို့ဆေးရှာပြီးသောက်လိုက်တယ်....လီဆာဆီမှာ နှလုံးရောဂါရှိနေတာ လွန်ခဲ့တဲ့၃နှစ်ကသိလိုက်ရတယ် ဒါတွေကလဲလီဆာ့အဖေကြောင့်ဖြစ်လာတဲ့ရောဂါပါ အဖေ့ကိုကြောက်လွန်းလို့ နှလုံးရောဂါပါဖြစ်လာခဲ့တယ်...
ဒီအချိန်မှာတော့မသေချင်သေးဘူး ဘာလို့ဆို ကင့်မ် ကိုလီဆာချစ်တယ်လို့မပြောရသေးဘူးလေ လီဆာအပေါ်နွေးထွေးတဲ့ ကင့်မ်ကိုလီဆာသိပ်ချစ်နေမိပြီ.....
လီဆာအခန်းပြတင်းပေါက်ဝကနေ ကောင်းကင်ကြီးကို မော့ကြည့်ရင်း အတွေးများစွာတွေးနေခဲ့တယ်...ကင်မ် သာလီဆာကိုပြန်ချစ်မလာခဲ့ရင် လို့တွေးလိုက်တိုင်း လီဆာ့ရင်ဘက်ကဆူးနစ်နေအောင်အောင့်လာတယ်...ကင့်မ် ကိုလေပိုင်ဆိုင်ခွင့်မရရင်တောင်ငေးကြည့်နေရတာလေးကိုလီဆာသဘောကျတယ်..
" မမလေး ညနေစာစားလို့ရပါပြီ"
" လာခဲ့မယ်နော်"
လီဆာတွေးနေတာဘယ်လောက်ကြာသွားမှန်းမသိ ညနေတောင်စောင်းနေပြီ အိမ်အကူကောင်မလေးထမင်းစားဖို့လာခေါ်မှ သတိရတယ်.... လီဆာထမင်းစားသောက်ပြီး ပန်းချီပြန်ဆွဲဖို့အခန်းထဲပြန်ဝင်ပြီး ကင့်မ် ပုံကိုဆွဲနေခဲ့တယ်....

YOU ARE READING
Our destiny 🌼🤍(complete)
Romanceဇာတ်ကောင်စရိုက်။ ။ မိဘတွေရဲ့ ထိန်းချုပ်မှုအောက်မှာ စိတ်ဆင်းရဲမှုတွေနဲ့အတူရှင်သန်နေရတဲ့ လီဆာ......🌻 မိဘကိုအားမကိုးပဲ တစ်ယောက်ထဲရပ်တည်နေပြီး ငွေရှိ ဂုဏ်ရှိ အကြင်နာတရားရှိပြီး သိပ်ကိုစွဲလမ်းဖို့ကောင်းတဲ့မိန်းကလေး ဂျန်းနီကင်မ်..... ဒီဇာတ်လမ်းလေးက 199...