part-4

1K 76 7
                                    

Uni

လီဆာအိမ်ထဲဝင်ဝင်ခြင်းမှာပဲ အရင်ကထက်စောစွာပြန်ရောက်နေတဲ့သူအဖေကိုတွေ့လိုက်ရသည်။

" လီဆာ"!!

လီဆာ့နာမည်ကို အော်ခေါ်လိုက်တာကြောင့် လီဆာ့ကိုယ်လေး တုန်တတ်သွားသည့်တိုင်လန့်သွားခဲ့ရတယ် ​ပြီးတော့သူမအဖေကသူမနားကိုလာပြီး....

ဖြန်း.....

လီဆာ့ပါးတွေကြိမ်းစပ်ပြီးပူထူသွားခဲ့တယ် ဝဲနေတဲ့မျက်ရည်တွေကလဲ ထိန်းမရပဲ ပါးပြင်ပေါ်ပြိုကျလာခဲ့တယ်....

" နင့်ကိုဘယ်သူက အပြင်ထွက်ခိုင်းလို့လဲ ဟမ်!"

" တောင်းပန်ပါတယ် အဖေ လီဆာ ခဏလေးထွက်မိတာပါ လီဆာ့ကိုခွင့်လွတ်ပါ"

" နောက်တစ်ခါဆို ဒီထက်ပိုဆိုးမယ်"

ပြောပြီး လီဆာ့ရှေ့ကနေထွက်သွားတဲ့ အဖေ့ရဲ့ကျောပြင်ကိုကြည့်ပြီး ထိန်းမရတဲ့မျက်ရည်တွေကြောင့် အခန်းရှိရာ အပေါ်ထပ်သို့ပြေးတတ်လာခဲ့သည်။ဘာကြောင့်အဖေကအဲ့လိုတင်းကျပ်နေမှန်းလီဆာမသိပါ ပညာရေးဆိုရင်လဲ အမြဲအဆင့်တတ်နေမှ အဆင့်တစ်ရပြီး တစ်ဘာသာလောက် တစ်မှတ်လျော့နေတာနဲ့ လီဆာ့ကို အခန်းထဲမှာတံခါးပိတ်ပြီး ခါးပတ်နဲ့ နာရီဝက်ခန့်ရိုက်တတ်သည် ဒါကြောင့် လီဆာ အဖေကိုတော်တော်ကြောင့်ရသည်။

တစ်ခါတစ်လေ ေကျာင်းလာကြိုတဲ့ တစ်ခြားကလေးတွေကသူတို့အဖေနဲ့အဆင်ပြေနေတာမြင်ရင် လီဆာ ခိုးငိုနေတတ်သည်။လီဆာကဒီလိုနွေးထွေးမှုမျိုးဘယ်တုန်းကမှမရခဲ့ဘူးလို့လေ....။

🌼

ဂျန်းနီဆိုင်ရှေ့ကိုထွက်ထွက်စောင့်နေတာ ၂ပတ်ကျော်ကြာပြီ လီဆာ့အရိပ်တောင်မတွေ့ရသဖြင့် စိတ်ပူနေခဲ့သည်...မျက်လုံးကစားနေချိန် လမ်းမီးတိုင်အောက်က မိန်းကလေးကမျက်လုံးထဲဝင်လာခဲ့သည်....။

" လီဆာ...."

ဒီကလေးမပိန်သွားလိုက်တာ မျက်နှာတွေကလဲဖြူဖျော့နေတာပဲ ဘာတွေများဖြစ်ခဲ့လို့လဲ....။

" ကင်မ်"

" ဘာလို့မလာတာလဲ တို့ကမျှော်နေတာ "

Our destiny 🌼🤍(complete) Where stories live. Discover now