အပိုင်း ၂

Start from the beginning
                                    

အိမ်ကကျောင်းနဲ့မနီးမဝေးလေးမှာပါ အဖေဆုံးပြီးထဲက သားမိနှစ်ယောက် မြို့တတ်လာပြီး  ဆရာဖြစ်သင်တန်းတတ်ရင်း ဆရာမတ‌ယောက်ဖြစ်လာခဲ့တာပါ အခုဆို ဆုထက်သွင်အသက်က ၂၉ပဲရှိပါသေးတယ် စာတော်တာရယ် ကြိုးစားတာရယ်ကြောင့် မြို့ကျောင်းမှာ နေရာချထားခံရတာပါ

"သမီး ပြန်လာပြီလား .."

ခြံဝင်းထဲမှာ တံမြက်စည်းလှဲနေသည့် အမေဖြစ်သူ ဒေါ်ယမုံ ကျောင်းကပြန်လာတဲ့သမီးကိုလှမ်းမေးလိုက်သည်

"ပြန်လာပြီ မေမေ ဒါတွေထားလိုက်ပါ သမီးပြန်လာမှလုပ်ပါ့မယ်ဆို မေမေကလည်း...."

"သမီးရယ် မေမေဒါလေးတော့လုပ်နိုင်ပါတယ် သမီးပင်ပန်းပါတယ် မေမေလည်းနိုင်တဲ့တာဝန်လေးထမ်းပါရစေ..."

တဇွတ်ထိုးသမားမေမေ့ကိုပြောရင် ကိုယ်ပဲငရဲကြီးမယ်ဖြစ်တာကြောင့် ‌မေမေ့သဘောပါ လို့ ခေါင်းငြိမ့်ပြရင်းအိမ်ထဲဝင်လိုက်သည်

ဆုထက် တို့အိမ်က အရမ်းမကြီး သို့သော်အရမ်းမသေး တစ်ထပ်တိုက်ကိုမှ ဧည့်ခန်းက နည်းနည်းကျယ်ပါတယ် ဆုထက်ကျူရှင်သင်တဲ့နေရာလည်းဖစ်တယ် အခန်းက ၃ခန်း မေမေတခန်း ဆုထက်တခန်း ဧည့်သည်လာရင်တည်းဖို့တခန်း ဘုရားစင် မီးဖိုခန်းကတော့ သာမန်ပါပဲ

တအိမ်လုံးမှာဆုထက်အကြိုက်ဆုံးက အခန်းထဲက မွေ့ယာလေးပါ ဆုထက်က အိပ်ရင် လှိမ့်တတ်သည် အဲ့တာကြောင့်လည်းနှစ်ယောက်အိပ်ကိုသာဝယ်ထားသည် အဲ့ပေါ်မှာလှဲလိုက်ရင် တနေ့တာ ပင်ပန်းသမျှ ချက်ချင်းပျောက်သွားတယ် ၁၀မိနစ်လောက်မျက်စိမှိတ်လိုက်ရမယ်ဆိုရင်တော့ ငြိမ်းချမ်းတဲ့နေရာလေးကိုရောက်သွားတယ် ဒီအိပ်ယာလေးက ဆုထက်ရဲ့သူငယ်ချင်းလို့တောင်ပြောလို့ရတယ်

"သမီး မေမေ ဝင်ခဲ့မယ်နော်..."

တံခါးခေါက်ပြီးဝင်လာတဲ့မေမေ လက်ထဲမှာကိုင်လာသည့်အရာကိုမြင်လိုက်တော့ဆုထက်မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်

"မေမေရယ် မီးပူတွေပါ တိုက်ထားတာလား ဘယ်လိုပြောပြောမရပါလားနော် "

"အိမ်မှာတယောက်ထဲနေရတာပျင်းလို့ပါ သမီးရယ် "

မီးပူတိုက်ပြီးသားအကျီများကို ဗီဒိုထဲမှာ အစီအစဉ်တကျ စီပေးရင်း လှမ်းပြောလိုက်သည်

~From the eyes to the heart ~Where stories live. Discover now