part-3

1.1K 80 6
                                    

Uni

ဂျန်းနီဆိုင်မှာ လူသိပ်မရှိတာနဲ့ ကော်ဖီပူပူ​ေလးတစ်ခွက်ကိုထိုင်သောက်နေတုန်း ဆိုင်ထဲတစ်ယောက်ယောက်ဝင်လာခဲ့တယ်...
ပြီးတော့အဲ့လူကို သူမပြေးဖက်လိုက်တယ်...။

" ငါသတိရနေခဲ့တာ ဘယ်တုန်းကပြန်ရောက်တာလဲ ဂျီ "

ဂျန်းနီရဲ့ အချစ်ဆုံးသူငယ်ချင်း ကင်မ်ဂျီဆူးရောက်လာခြင်းဖြစ်သည် ဂျီဆူးကသူမဖခင်၏ အလုပ်အတွက် ကနေဒါ မှာရောက်နေခဲ့တာ ၁နှစ်ကျော်ရှိပြီ သူမပြန်ရောက်တာနဲ့ ဂျန်းနီဆီအရောက်လာခဲ့ခြင်းဖြစ်သည်...။

" မနေ့ညကပြန်ရောက်တာ မိုးတွေရွာနေလို့မနက်မှလာခဲ့တာ"

" အို....ငါ့သူငယ်ချင်းကတော်တော်ချောလာတာပဲ အသက်၂၄ဆိုတာထင်တောင်မထင်ရဘူး ၁၆နှစ်သမီးလေးကျနေတာပဲ..."

" မြှောက်မနေပါနဲ့ ဂျန်းရယ်နင့်အတွက်လက်ဆောင်ပါပါတယ်"

" အိုး....သိတတ်လိုက်တာ ကျေးဇူးပါ ဒါနဲ့နင်ဟိုမှာကောင်လေးတွေဘာတွေကျန်နေခဲ့လားဂျီ.."

ဂျီဆူးက ဂျန်းနီအမေးကို ခေါင်းငုံကာရယ်လိုက်သည်..

" ငါမှာအဲ့တာတွေတွေးချိန်တောင်မရပါဘူး ဂျန်းရယ် ကိုယ့်အလုပ်နဲ့ကိုတောင်အပြင်ထွက်ရတယ်မရှိဘူး"

" တော်တော်ပင်ပန်းမှာပေါ့ အဲ့ဒါကြောင့် ငါ့အဖေအလုပ်တွေငါမလုပ်တာ ငါအပင်ပန်းမခံနိုင်ဘူးလေ...😁"

"သိပါတယ် နင်ကအိပ်ဖို့ပဲသိတာမလား"

သူငယ်ချင်းနှစ်ယောက် စကားတွေပြောကာရယ်မောနေကြချိန် ဆိုင်အတွင်းသို့ နောက်တစ်ယောက်ဝင်လာခဲ့သည်...။

" လီဆာ..."

" ကင်မ်...ကျွန်မက ဒီ..ဒီတိုင်း ဝင်လာခဲ့တာပါ သတိရလို့မဟုတ်ပါဘူး.."

လီဆာပြောတာကို ဂျန်းနီတစ်ယောက် တစ်ခစ်ခစ်နဲ့ရယ်နေခဲ့သည်...သူမဘာမှမမေးတာတောင် သတိရလို့မဟုတ်ပါဘူး လို့အတင်းဖြေနေတာ သတိရနေခြင်းကြောင့်ရောက်လာတယ်ဆိုတာ သက်သေပါပဲ...။

" ဟုတ်ပါပြီ လာထိုင်လေ လီဆာ ဒါကငါ့သူငယ်ချင်းပါ"

လီဆာလဲ ဂျန်းနီနဲ့ ဂျီဆူးရဲ့ဝိုင်းမှာဝင်ထိုင်လိုက်သည်...။
ဂျန်းနီရဲ့သူငယ်ချင်း ဂျီဆူးကိုကြည့်ပြီး ပြုံးပြလိုက်တော့ ဂျီဆူးကပြန်ပြုံးပြလိုက်သည်..။

Our destiny 🌼🤍(complete) Where stories live. Discover now