Dandelion💜

10 1 0
                                        

သတိရတယ်ဆိုတဲ့ နောက်မှာ ခများကိုလို့ နာမည်တပ်ပြောပိုင်ခွင့်မရှိခဲ့ဘူး ကိုယ့်မှာ လွမ်းရတာတောင် အထီးကျန်လွန်းတယ်

အရင်က ဆေးလိပ်အနံ့တောင်မခံနိုင်တဲ့ကျနော်က အခုနောက်ပိုင်း ဆေးလိပ်တွေသောက်ဖြစ်လာတယ် စီးကရက်တစ်လိပ်ကို လက်ကြားညှပ်ပြီး ခများကို လွမ်းရတာကို ဘယ်သူမှ သိမယ်မထင်

ညီမလေး ဘာလုပ်နေလဲလို့ 2022ရဲ့ နောက်ဆုံးညမှာ အစ်ကိုက လာမေးတယ် လူတစ်ယောက်ကို လွမ်းနေတာလို့ ပြောတော့ အစ်ကိုက ညီမလေး ရည်းစားကိုလားတဲ့ ကျနော့်မှာ ကောင်လေးမရှိမှန်း အစ်ကိုသိရဲ့သားနဲ့

"ကျတော် အစ်ကို့ကို ချစ်တယ်

"မူးနေရင် အိပ်တော့ညီမလေးတဲ့

**အစ်ကိုသာ ညီမကို ရွေးချယ်ခဲ့ရင် ......

***အစ်ကိုရှိတဲ့အရပ်ကို လိုက်လာခဲ့မိမှာ

***အစ်ကိုက ချစ်နေတာကို သိပါရဲ့နဲ့ မသိချင်ယောင်ဆောင်ပစ်ခဲ့တာ

***မနွေးထွေးခဲ့ပါနဲ့လား အစ်ကို
ဘာလို့လဲ အစ်ကို့က ညီမအချစ်ကို ပျက်ရယ်ပြုသွားခဲ့တာ

*** မချစ်ရင်မချစ်ဘူး ပြတ်ပြတ်သားသား ငြင်းခဲ့ရော့ပေါ့ အစ်ကိုရယ် အခုတော့ နွေးထွေးပြလိုက် ရက်စက်ပြလိုက်နဲ့ တိခနဲ အဆက်သွယ်တွေ ဖျက်ပစ်ခဲ့တာ

***လူတစ်ယောက်ကို ချစ်မိပြီဆိုကတည်းက ကျတော်တို့ နှလုံးသားတွေဟာ တယုတယ သေမိန့်ကျ‌ရတော့တာပါပဲ အစ်ကိုရယ်

*** ကျတော် မပိုင်ဆိုင်ရတဲ့ အစ်ကို့ကို ဘယ်သူ့ကိုမှ မပေးချင်လိုက်တာ အချစ်ဦးက အစ်ကို မဟုတ်ခဲ့ပေမဲ့ အချစ်ရူးက အစ်ကိုလေ

***voice message ထဲက အစ်ကို့ရဲ့အသံလေးကိုတောင် ကျတော်ဒီလောက်စွဲလမ်းနေတာ တစ်နေ့နေ့မှာ အစ်ကိုသာ ကျတော့် အပိုင်ဖြစ်လာခဲ့ရင်ဆိုတဲ့အတွေးက တစ်ကယ်ရူးစေတယ် မပိုင်ဆိုင်ရမှန်းသိလေ နာကျင်ရလေပါပဲ အစ်ကို

**** ကျတော်တို့ မတွေ့ဖြစ်ခဲ့မှာထက် မတွေ့ရတော့မှာကို အကြောက်ဆုံးပါအစ်ကို စိတ်နဲ့မှန်းဆပြီး  ဆက်သွယ်လို့မရနိုင်တဲ့ အလွမ်းတွေ ကျတော့်မှာရှိတယ်

**** ကျတော်ကို အဆက်သွယ်ဖျက်ပစ်ခဲ့တာ တစ်လကျော်ခဲ့ပြီနော် အလွမ်းတွေကတော့ အနည်ထိုင်သွားမှာမဟုတ်ဘူး ကျတော်ယုံကြည်တယ် ပြီးတော့ မျှော်နေသေးတာ အစ်ကို့ရဲ့ မီးစိမ်းလာမဲ့ active nowလေးကို ဒီခလေးမ သိပ်ရူးတာပဲလို့ အစ်ကိုပြောချင်ပြောပါ
ကျတော်မှ အစ်ကို့ကို မလွမ်းပဲမနေနိုင်တာ

***သတိရတာထက် ပိုတဲ့အနေအထားမှာ အစ်ကို့ကို နေ့စဉ်နဲ့အမျှ သတိရနေတဲ့ ကောင်မလေး တစ်ယောက်ရှိ‌တယ် အစ်ကိုက ကျတော့်ကို စိတ်ကစားတာဖြစ်မှာပါတဲ့လေ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကျတော့်အသက် နှစ်ဆယ့်တစ်ရှိပြီ ပြန်မချစ်ပေးနိုင်တာနဲ့ ကျတော့်ကို
ခလေးတစ်ယောက်လို မဆက်ဆံပါနဲ့လား အစ်ကိုရာ

****အစ်ကိုသာ ညီမကို ရွေးချယ်ခဲ့ရင် ညီမ ဘယ်လောက်နက်တဲ့ ချောက်ပဲဖြစ်ဖြစ် ခုန်ချမိမှာ ရန်ကုန်မှာ အချိန်ခါမဟုတ်ပဲ မိုးတွေရွာတယ် ကျတော့်မှာ ဘာမှမသက်ဆိုင်ပဲ အစ်ကို့ကို လွမ်းရပြန်တယ် ဟိုးအဝေးကြီးက ညီမ အပိုင်မဟုတ်တဲ့ အစ်ကိုဆိုတဲ့ အမျိုးသားလေးကို ဘေးကင်းကင်းနဲ့ ရှိနေစေချင်ပါတယ် လွမ်းရတယ် အစ်ကို💜💜

My'Dandelion💜Where stories live. Discover now