part-2

1.3K 91 4
                                    

Uni

မနက်လီဆာနိုးလာတော့ ေဘးမှာ ဂျန်းနီရှိမနေခဲ့ဘူး...
ဒါနဲ့ လီဆာထဖို့လုပ်ချိန် တစ်ကိုယ်လုံးကိုက်ခဲနေခဲ့တယ်...။

" မထနဲ့အုံးလီဆာ မင်းဖျားနေပြီ ဒီမှာငါဆေးနဲ့မနက်စာယူလာတယ်"

" ဟုတ်ကဲ့ ကင်မ်"

လီဆာ ဂျန်းနီယူလာတဲ့ မနက်စာကိုယူစားလိုက်ပြီး ဆေးသောက်လိုက်တယ် လီဆာကို တစ်ချိန်လုံးစိုက်ကြည့်နေတဲ့ ဂျန်းနီကြောင့် တတ်နေတဲ့အဖျားတွေတောင်ဘယ်ရောက်ကုန်လဲလီဆာကိုယ်တိုင်ပင်မသိတော့ပေ....။

" ဘာဖြစ်လို့လဲကင်မ် ကျွန်မမှာတစ်ခုခုပေနေလို့လား"

လီဆာ နေရတာခက်နေတာမို့ ဂျန်းနီကိုမေးလိုက်တော့...

" ဘာမှမပေပါဘူး ဒီတိုင်းမင်းကိုချစ်စရာကောင်းလို့ကြည့်မိနေတာ...။

" ရှင်!"

လီဆာ အံဩနေတဲ့ပုံကိုကြည့်ပြီး ဂျန်းနီက မျက်နှာအောက်ငုံကာပြုံးနေသည်...။

" ကဲ အခုတော့နားလိုက်အုန်းလီဆာ တို့ဆိုင်သွားထိုင်လိုက်အုန်းမယ် ဝန်းထမ်းတွေပဲရှိလို့"

" ဟုတ်ကဲ့ ကင်မ် လီဆာအဆင်ပြေပါတယ် လုပ်စရာရှိတာသာလုပ်ပါ..."

ဂျန်းနီက လီဆာကို ပြုံးပြီးခေါင်းငြိမ့်ပြလိုက်တယ်...နောက်တော့သူမအောက်ထပ်ကဆိုင်ကို ဆင်းသွားခဲ့တယ်...။
လီဆာလဲ ဂျန်းနီ ဆင်းသွားမှ အသက်ကို ဝဝရှုလိုက်တော့သည်...။

ထိုဂျန်နီးကင်မ်ဆိုသည့် အမျိုးသမီးကလီဆာကို အမျိူးမျိုးရင်ခုန်အောင်လုပ်နိုင်သည် ထိုအမျိုးသမီးကို လီဆာရင်ခုန်မိနေသည်....။

လီဆာခနမေးနေရင်းအိပ်ပျော်သွားခဲ့သည် အိမ်မက်တစ်ခုကိုလဲမက်ခဲ့တယ် အိမ်မက်ထဲမှာ သူမအဖေကသူ့ကိုအိမ်ပြန်ဖို့ ဂျန်းနီတို့ဆိုင်မှအတင်းဆွဲခေါ်နေတာကိုမြင်ခဲ့တယ် အဲ့တစ်ချိန်ထဲမှာပဲ ဂျန်းနီကင်မ်ဆိုတဲ့အမျိုးသမီးနဲ့လီဆာရဲ့လက်တွေက တစ်ဖြည်းဖြည်းဝေးကွာသွားပြီး ကင်မ် ရဲ့မျက်နှာပေါ်မှာ မျက်ရည်စတွေကျနေခဲ့တယ်....ထိုမြင်ကွင်းကိုဆက်မမြင်ချင်တာကြောင့်လီဆာမျက်လုံးတို့ကိုအားကုန်ဖွင့်လိုက်တယ်...။

Our destiny 🌼🤍(complete) Where stories live. Discover now