Uni
ကောင်းကင်တစ်ခွင်လုံး မဲမှောင်ပြီးတိမ်တွေအုပ်ဆိုင်းလို့လာပြီး တစ်ခဏအတွင်းမှာပဲ လမ်းမပေါ်သို့မိုးရေစက်များ တစ်ပေါက်ချင်းကျလာ၍ သဲသဲမဲမဲကိုရွာလို့လာလေသည်.....။
ညအချိန်ဖြစ်တာကြောင့် လမ်းတစ်လျှောက်မီးအလင်းရောင်ကိုပင်မတွေ့ရ...ထိုအချိန်လမ်းမီးတိုင်ရှိမီးသီးတစ်လုံးနှင့် ဆိုင်တစ်ဆိုင်ကမီးသီးတစ်လုံးသာလင်းနေသည်....။
အမှောင်ထဲမှပြေးနေသောခြေသံများထွက်ပေါ်လာသည်ကို ဆိုင်အတွင်းကနေ ဂျန်းနီကင်မ် ကြားနေရသည်....။
" ဒီလောက်မှောင်ပြီးမိုးရွာနေတာတောင်ဘယ်သူကပြေးနေတာပါလိမ့်"
ဂျန်းနီကင်မ် အသံလာရာဘက်ကိုကြည့်သော်.....အဝါရောင်ကော်လံအကျီ လက်တစ်ဝက်နှင့် ဒူးခေါင်းအထိရှိသောအနက်ရောင်စကပ်ကိုဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးကလမ်းမီးတိုင်အောက်တွင် ရှုိက်ကြီးတငင်ငိုနေတာကို မြင်လိုက်ရသည်....။
ဒါကြောင့် ဂျန်းနီကင်မ် ဆိုင်အဝမှာရှိတဲ့ သူမရဲ့ထီးအနီရောင်အားယူလာပြီး ထိုမိန်းကလေးရှိရာဆီသွားလိုက်သည်....။
" မင်းဘာလို့ငိုနေတာလဲ မိန်းကလေး"
ဂျန်းနီကင်မ် မေးလိုက်တော့ ထိုမိန်းကလေးက မျက်ရည်စတွေရယ်နီရဲနေတဲ့ နှာသီးလေးတွေရယ် ငိုထားလို့ဖောင်းနေတဲ့မျက်လုံးအဝိုင်းသားလေးတွေနဲ့ သူမအားမော့ကြည့်လာသည်..။
🌻🌼
လီဆာတစ်ယောက် အဖေနဲ့အမေကသူမတတ်ချင်သော စီးပွားရေးမေဂျာကိုယူရမယ်ဆိုလို့ စကားများပြီးအိမ်မှထွက်ပြေးလာခဲ့သည်....။
မိုးကလဲရွာ ညဥ့်ကလဲနက် မီးကလဲမှောင်ဆိုတော့ လီဆာဘယ်သွားလို့သွားရမှန်းမသိ ပြေးနေရင်းအရှေ့ကလမ်းမီးတိုင်ကမီးရောင်ကိုမြင်တာနဲ့ မီးတိုင်အောက်ထိုင်လိုက်ပြီး ငိုနေခဲ့သည်...။
မိုးတွေရွာနေပေမဲ့ လီဆာ ကိုယ်ပေါ်ကိုမိုးစက်များ ရောက်မလာတာသတိထားမိပြီး မျက်လုံးဖွင့်ကြည့်တော့ ဖိနပ်အမြင့်အနီရောင်ကိုစီးထားသော ခြေတစ်စုံကိုမြင်လိုက်သည်....။

YOU ARE READING
Our destiny 🌼🤍(complete)
Romanceဇာတ်ကောင်စရိုက်။ ။ မိဘတွေရဲ့ ထိန်းချုပ်မှုအောက်မှာ စိတ်ဆင်းရဲမှုတွေနဲ့အတူရှင်သန်နေရတဲ့ လီဆာ......🌻 မိဘကိုအားမကိုးပဲ တစ်ယောက်ထဲရပ်တည်နေပြီး ငွေရှိ ဂုဏ်ရှိ အကြင်နာတရားရှိပြီး သိပ်ကိုစွဲလမ်းဖို့ကောင်းတဲ့မိန်းကလေး ဂျန်းနီကင်မ်..... ဒီဇာတ်လမ်းလေးက 199...