အဲ့တော့မှရှောင်းကျန့်လဲ ဖက်ထားတဲ့လက်လေးတွေပြေလျော့ကာဖယ်ပေးမိတယ်
မနေ့ကတော့အပိုင်ယူချင်စိတ်နဲ့ ငယ်မကြိုက်မှန်းသိရက်နဲ့ အတင်းယူခဲ့မိတာမို့
အခုလဲငယ်မကြိုက်တာထပ်လုပ်ရင် တစ်သက်လုံးမုန်းသွားနိုင်ချေရှိတယ်လေ

"ကိုယ်တောင်းပန်ပါတယ်....ကိုယ့်ကြောင့်ငယ်မျက်ရည်မကျစေရဘူးဆိုပြီး....ကိုယ်ကပဲ မျက်ရည်ကျအောင်လုပ်မိနေတာ...ကိုယ့်ကိုခွင့်လွှတ်ပါနော်...ဒီတစ်ခါနောက်ဆုံးပါပဲ...."

"ကျွန်တော်တစ်ယောက်တည်းနေချင်တယ်...ထွက်သွားပေးပါ..."

"အင်းပါ...ကိုယ်နားလည်ပါတယ်....ကိုယ့်ကိုမမုန်းလိုက်ပါနဲ့နော်..."

"..........."

ကောင်လေးက ဘာစကားမှမပြောပဲ တစ်ဖက်ကိုလှည့်သွားသေးတယ်
ဒီတော့မှ ရှောင်းကျန့်လဲ ရိပေါ်ကိုပွေ့ကာ ဘေးနားကကုတင်တိုင်ကိုမှီစေတယ် ရိပေါ်လဲရှောင်းကျန့်ပွေ့တာကိုငြိမ်ငြိမ်လေးသာခံလိုက်တယ် သူခုချက်ချင်းအခန်းထဲကပြေးထွက်ချင်ပေမယ့် အောက်ပိုင်းကနာကျင်မှုကအပြည့် အာ့ကြောင့် ရှောင်းကျန့်ကိုအပြင်ထွက်ခိုင်းခဲ့တာ မဟုတ်လဲသူမှမနာတာကို

ရှောင်းကျန့် စွပ်ကျယ်အင်္ကျီလေးနဲ့ဘောင်းဘီလေးတစ်ထည် ကမန်းကတန်းကောက်စွတ်ပြီး ထွက်သွားတယ်
သူအော်လိုက်လို့ မျက်နှာလေးငယ်သွားတာကို ရိပေါ်ရိပ်မိတာပေါ့

ရှောင်းကျန့်အပြင်ထွက်သွားတော့မှ ရိပေါ်လဲရှိသမျှအားလေးစုပြီး အောက်မှာပုံကျနေတဲ့ အဝတ်လေးတစ်ထည်ကိုကောက်ယူလိုက်တယ်
ဝတ်လိုက်တော့မှ ရှောင်းကျန့်ရဲ့အင်္ကျီဖြစ်နေတယ်
ရိပေါ်လဲ နောက်တစ်ခေါက်ထပ်မကုန်းနိုင်တာမို့ ဘာပဲဖြစ်ဖြစ်ကွာ ဆိုပြီးဝတ်လိုက်ကာမှ ကြယ်သီးတွေကတစ်လုံးမှမရှိတော့ဘူး
တော်သေးတာပေါ့ အင်္ကျီကကြီးနေလို့ စောင်လိုပတ်ပြီးလက်ပိုက်နေရုံသာကျန်တော့တယ်

ခနနေတော့ လက်ထဲမှာ ပန်းကန်လေးတစ်လုံးကိုင်ပြီးဝင်လာတယ်
အငွေ့တစ်ထောင်းထောင်းနဲ့ အနံ့ကမွှေးနေတာမို့ ရိပေါ်ခေါင်းထောင်ကြည့်မိတယ် ညထဲကဘာမှမစားရသေးတာမို့ ဗိုက်ကဆာနေတာတော့အမှန်
ဒါမဲ့လဲ နည်းနည်းလောက်ချေချင်သေးတာမို့ ရှောင်းကျန့်ကို ဝင်လာတာသိတယ်ဆိုတဲ့အကြည့်တစ်ချက်သာလွှတ်ပြီး လက်ပိုက်လျက်နဲ့ တစ်ဖက်ကိုလှည့်သွားတယ်

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now