" ကောင်းပြီ ငါတို့လိုချင်တာလည်းမင်းဆီကပဲ အဲ့ကောင်သာဝင်မပါစေနဲ့ "

" ကျွန်တော်သူ့ကိုပြောပါ့မယ် ကျွန်တော်အေးဆေးလိုက်ခဲ့မယ် "

" အေးမဟုတ်လို့ကတော့ ပစ်မှာနော် "

" အင်းပါဆိုဗျာ "

" ကောင်းပြီ‌ "

ရိပေါ်ထိုလူ့အားကျောပေးကာ သူ့အားကယ်တင်ခဲ့သောလူသားဘက်သို့လှည့်လိုက်သည်။သူ့အားနားမလည်သောအကြည့်များဖြင့်ကြည့်နေသောထိုလူ့ကြောင့် ရိပေါ်သနားနေရသည်။သူ့ခဗျာစိတ်မနှံ့သည့်အပြင် သူ့ကိုပါကယ်ပေးခဲ့သည်မို့ သူကူညီချင်ခဲ့သော်လည်း ကံကြမ္မာကြောင့် သူကူညီလို့ရတော့မည်ဟုသူမထင်တော့ပေ။ထို့ကြောင့်ပဲနှုတ်ဆက်ရန်သာပြင်လိုက်တော့သည်။သူအေးဆေးလိုက်မသွားလျှင်သူနှင့်ရောပြီး ထိုလူပါအသက်ခံရပေမည်မှာအသေအချာပင်။

" ငါသူတို့ကိုအကြွေးပေးရမှာ မပေးလို့မရဘူး ငါ့မှာရှိတဲ့ပိုက်ဆံတေအကုန်ဆက်ခဲ့ပေမဲ့ သူတို့တေကျန်နေသေးတယ် သူတို့ကိုဆပ်ဖို့ငါ့မှာပိုက်ဆံမရှိဘူး အဲ့တာကြောင့် ငါကြံရအုံးမယ် ပြီးတော့မင်းကိုငါနဲ့ရောပြီး အခုလိုဒုက္ခတေ မခံစေချင်ဘူး "

" ဆပ်ပေးရမလားဟင် "

" မင်းကငမွဲလေဘယ်လိုဆပ်မှာလဲ ငါပြောတာနားထောင် မင်း‌ဘောမရှည်နဲ့ "

" ဟုတ် "

" ငါတို့ကံမကုန်ရင်ပြန်တွေ့မယ် "

" ကံကုန်ရင်ကော "

" Ya!!! ငါပြောတာပဲနားထောင်လို့ "

ရိပေါ်အော်လိုက်သည်နှင့်ခေါင်းငုံ့သွားသောကြောင့် အော်မိ၍စိတ်မကောင်းဖြစ်ရသည်မှာသူကိုယ်တိုင်ပင်။ကလေးတစ်ယောက်လို ဘာမှနားမလည်သည့်အပြင် သူ့အားခင်တွယ်နေသည်မှာသိသာလှသည်မို့ ပို၍စိတ်မကောင်းဖြစ်ရသည်။

အခုမှတွေ့ပေမဲ့ သိပ်ချော သိပ်ခန့် သိပ်လှသည့် သူအား သူလည်းသံယောဇဉ်တော့ရှိမိပါရဲ့....

" မင်းနာမည်ဘယ်သူလဲ "

" ဟင် "

" နာမည်လေနာမည် မရှိဘူးလား "

♡ Mermaid is my husband ♡ { Complete✓ }حيث تعيش القصص. اكتشف الآن