Part🍀 17 (U&Z)

Start from the beginning
                                    

"တော်ပြီ အများကြီးမငိုရဘူး"

"ငိုတာတောင်လာ ချွေတာခိုင်းနေတယ် ...အီး ...ရီး ....."

"ကြည့်လေ ငိုရတဲ့အခန်းမှမပါတော့တာ"

"အီး.... နမ်းနေကြပြန်ပြီ မကြည့်ရဲပါဘူးဆို ရီး...."

ပြောပြောပြီးငိုနေသည့်ခလေးမကို အသာလေးမျက်ရည်သုတ်ပေး၍ အနားလေးသို့တိုးကပ်လိုက်သည်။

"နှစ်ခုလုံးအတွက် ဖြေရှင်းနည်းရှိတယ် သိချင်လား..."

မျက်ရည်များပြည့်နေသည့်မျက်လုံးလေးနှင့် ကြည့်လာသည့်ခလေးမက သိချင်၍သာ
ကြည့်သည်မို့ ခွန်း တစ်ချက်ပြုံးလိုက်တော့၏။

"လာခဲ့ ပြမယ်"

ဖြူငယ့် လည်တိုင်လေးကိုကိုင်လာပြီး နှုတ်ခမ်းပေါ်ကျလာသည့်ပူနွေးသည့်  အထိတွေ့ကြောင့် မျက်လုံးလေးပုတ်ခက်ပုတ်ခက်နှင့် မျက်ရည်တွေဘယ်ပျောက်မှန်းမသိကြောင်အသွားရတော့၏။ အသိဝင်လာ၍ အတင်းရုန်း​ပြီးကိုကြီးကိုထုသော်လည်း ဖြူငယ့်လက်နှစ်ဖက်လုံးကို ကိုကြီးလက်တစ်ဖက်ထဲနှင့်ချုပ်ထားလေသည်။ အသက်ရူရကြပ်လာသည်မို့ နှုတ်ခမ်းလေးဖွင့်ဟမိလိုက်တော့ ​အထက်နှုတ်ခမ်းလေးကို အတင်းစုတ်ယူနေလေ၏။ အောက်နှုတ်ခမ်းတို့ကိုရော  တလှည့်စီစုတ်ယူငုံ့ထွေးနေသည့်ကိုကြီးကြောင့် ပေါက်ထွက်တော့မယ်ရင်ခုန်သံတွေက ဝုန်းဒိုင်းကြဲ၍နေလေပြီဖြစ်၏။

တစ်ခါမှအဲ့လိုအနမ်းမခံဖူး၍လားမသိ ကြောက်လဲကြောက်မိသည် အနေလဲခက်လှသည်။

ဖြူငယ်အသက်ရူမဝသည်ထိ အကြာကြီးနမ်းနေသည့်ကိုကြီးကြောင့် မူးမေ့လဲချင်လာပြန်သည်။ တော်ပြီလေနော့ အငိုလဲတိတ်ပြီ နမ်းတာလဲသိသွားပြီကို။

နမ်းလိုက်တော့ရုန်းနေပြီလေ ဘယ်ရမလဲ နီရဲနေတဲ့နှုတ်ခမ်းဖူးဖူးလေးကို အထက်အောက်မျှပြီး စုတ်ယူနမ်းရှိုက်ပေးလိုက်တော့ အငိုတိတ်ပြီး ထုရိုက်နေလေသည်။ ခလေးမရဲ့ အိစက်နူးညံ့သည့်နှုတ်ခမ်းတစ်စုံနဲ့ထိတွေ့မှုက ခွန်းအတွက် လွှတ်ပေးရန်ခဲရင်းလှသည်မို့ အတော်ကြာသည်အထိနမ်းပြီးမှ လွှတ်ပေးလိုက်တော့ ခလေးမက မောနေပြီဖြစ်သည်။

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now