ရွှီလျန် ထိုအကြောင်းစဉ်းစားပြီးနောက် မေးလိုက်သည်။

"တစ်ခါတစ်လေ ကျွန်မ ရှင့်အမေကိုလာတွေ့လို့ရလား? ကျွန်မထင်တယ် တကယ်လို့ ကျွန်မက သူမနဲ့အချိန်ပိုပေးလိုက်မယ်ဆိုရင် သူမက ကျွန်မကိုလက်ခံနိုင်ခြေပိုများလိမ့်မယ်"

ရှန့်ချန်ခုန်း၏အမေက သူမကို သိပ်သဘောမတွေ့ကြောင်း သူမ ပြောနိုင်သလို ရွှီလျန်ကလည်း မားမားရှန့်၏စူးစူးရှရှအကြည့်တွေကြောင့် အနည်းငယ် အနေရခက်နေသည်။ သို့ပေမဲ့ သူမက ရှန့်ချန်ခုန်းရဲ့အမေ ၊ ရွှီလျန်က အခြားလူများကိုလျစ်လျူရှုထားသလိုမျိုး သူမကို လျစ်လျူရှုထားလို့မရနိုင်ဘူး။ သူတို့နှစ်ယောက်ဆက်ဆံရေးတိုးတက်လာစေရန် ရွှီလျန်ကပဲ လက်ဦးမှုရယူပြီး ကြိုးစားအားထုတ်ဖို့လိုသည်။

ရွှီလျန် ဘာလုပ်ဖို့ကြိုးစားနေလဲဆိုတာကို ရှန့်ချန်ခုန်း နားလည်ပါသည်။ သူသည် အခြားသူများအပေါ် သူ့အမေ၏သဘောထားကို လျစ်လျူရှုနိုင်သော်လည်း ရွှီလျန်ကတော့မတူပါ။ သူ့အမေက သူမကိုလက်ခံပြီး သဘောကျစေချင်တယ်။

ရှန့်ချန်ခုန်း သူ့အိမ်သော့ကိုထုတ်၍ ရွှီလျန်လက်ထဲထည့်ပေးလိုက်သည်။

"အနာဂတ်မှာ မင်းလာချင်တယ်ဆိုရင် လာလို့ရတယ်၊ ကိုယ့်အမေကို ကိုယ်ပြောထားလိုက်မယ်"

ရွှီလျန်က သူပေးလာသောသော့ကိုကြည့်ရင်း မေး၏။

"ရှင်က ကျွန်မကို ရှင့်ရဲ့သော့ပေးလိုက်တယ်ဆိုတော့ ရှင် အိမ်ထဲဘယ်လိုဝင်မလဲ"

"ကိုယ့်အိမ်မှာ သော့အပိုတစ်ချောင်းရှိတယ်"

ရှန့်ချန်ခုန်း ပြုံးလျက် ပြန်ဖြေလိုက်သည်။

ရွှီလျန် သော့ကိုယူ၍

"ကောင်းပါပြီ ကျွန်မ မလာခင် ရှင့်ကိုဖုန်းခေါ်မှာပါ"

"အင်း"

ရွှီလျန် ကားမာင်းထွက်သွားပြီးနောက် ရှန့်ချန်ခုန်းသည် အပေါ်ထပ်သို့ဦးတည်သွားခဲ့၏။ ရှန့်နွမ်မှာ သူမအစ်ကိုကြီးတစ်ယောက်တည်း ပြန်လာလာသည်ကိုမြင်တော့ ပဟေဠိဖြစ်နေလေသည်။ မောင်နှမတစ်တွေစကားပြောဆိုပြီးနောက် ရှန့်နွမ်က သူမအိမ်စာတွေလုပ်ရန် သူမအခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

Slowly Falling For Changkong ( ဘာသာပြန် )Место, где живут истории. Откройте их для себя