ကိုကိုရယ် ကျွန်တော်ကစတာပါ အဲ့နှုတ်ခမ်းကိုမထော်ထားပါနဲ့
ကျွန်တော်အသဲယားရင်ဖက်နမ်းမိမယ်ဆိုတာကိုစိတ်ထဲမှာဘဲသိမ်းထားရင်း
ဘဲရုပ်ဆိုးကြီးကျနေရော

ဟာ...ထယ်လေး ဒီတမနက်လုံးလူကိုပြောနေတာများ ရစရာမရှိတော့ဘူးနော် တကယ်စိတ်ဆိုးမိတော့မယ်
ဟဟားဟား စတာပါကိုကိုကလည်း မနက်စာစားပြီးရင်ကျောင်းတူတူသွားကြမယ်နော် အဆင်သင့်လုပ်ပြီးစောင့်နေ

ကိုကိုကဘာမှပြင်စရာမလိုပါဘူးနော် ထယ်လေးကသာရစ်နေတာ မြန်မြန်စားတော့စကားများမနေနဲ့
ဟူးးးးးပြောရတာမောလိုက်တာနော်

ထယ်လေးရဲ့အခန်းကတော့အရင်ကဆိုတိတ်ဆိတ်ပြီးလူမနေဘူးလို့တောင်ထင်ရပေမဲ့ဒီမနက်မှာတော့စာကလေးအသိုက်ပျက်တယ်လို့တောင်ထင်ရလောက်အောင် ဆူညံနေခဲ့တော့တယ်

ကျောင်းရောက်တော့လည်း ကျောင်းထဲကလူတွေကလည်းကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့
ဒီကောင်ဘာလဲဟ ဖယောင်းတိုင်မီးအိမ်နဲ့ပေါကြောင်ကြောင်ကောင်ဆိုတဲ့အကြည့်တွေနဲ့ ဒါကိုထယ်လေးသိပေမဲ့ မသိချင်ယောင်ဆောင်ပြီး ကိုယ်သွားစရာရှိတာကိုဆက်သွားနေလိုက်တယ်

ဘေးနားကကိုကိုကတော့
ထယ်လေးအဆင်မပြေဖြစ်ရင်နောက်နေ့တွေကျကိုကိုလိုက်မလာတော့ဘူးနော်တဲ့ ဒီကိုကိုကတော့လေအာရုံစိုက်စရာမဟုတ်တာကိုလိုက်ပြီးအာရုံစိုက်နေပြန်ပါပြီ

ကိုကိုရယ်အရေးမပါတာတွေကိုခေါင်းထဲမထည့်ပါနဲ့

မဟုတ်ပါဘူး ကိုကိုကထယ်လေးနေရခက်မှာစိုးလို့ပါ

ကျွန်တော့်အတွက်ဆိုရင်တော့စိတ်မပူနဲ့ ကျွန်တော်ကပတ်ဝန်ကျင်ကိုအဲ့လောက်အလေးထားတဲ့သူမဟုတ်ဘူး
အိမ်မှာတုန်းကကိုကိုပြောပြထားတဲ့အတိုင်းတကယ်အလုပ်ဖြစ်ရင်အဆင်ပြေပြီ

ဖယောင်းတိုင်ကိုနေရာတကာသယ်သွားစရာမလိုပါဘူး နေရာတစ်ခုမှာသူ့မြေနေရာအပိုင် စည်းဆိုတာရှိတာမို့ သူ့အပိုင်နေရာအတွင်းတနေရာရာမှာထွန်းထားရုံနဲ့ အဲ့နေရာအတွင်းကြိုက်သလိုသွားလာလို့ရပါတယ်တဲ့
ဥပမာဆိုရင် ကျောင်းပေါ့ ကျောင်းမှာလည်းကျောင်းပုရဝုဏ်ဆိုတာရှိတာမို့ ကျောင်းရဲ့တနေရာရာမှာထွန်းထားပြီးကြိုက်တဲ့နေရာလျှောက်သွားလို့ရတယ်ဆိုလို့ ကျွန်တော်ကဖယောင်းတိုင်သေသွားလည်းလွယ်လွယ်မြင်နိုင်အောင် ကျွန်တော်တို့အခန်းနားက ဆုတောင်းဖို့လုပ်ထားပေးတဲ့နေရာမှာ ဖယောင်းတိုင်ကိုထားခဲ့လိုက်တယ်

You've reached the end of published parts.

⏰ Last updated: Feb 16, 2023 ⏰

Add this story to your Library to get notified about new parts!

Theory Of LoveWhere stories live. Discover now