"ကျွန်တော်တစ်ယောက်တည်းနေချင်တယ် ဒယ်ဒီ"

ဒယ်ဒီနှင့် ထိုဒေါက်တာ အိပ်ခန်းအပြင်ဘက်ထွက်သွားမှ ရိပေါ် ဆေးပိုက်အား ဆတ်ခနဲ ဆွဲဖြုတ်ကာ လက်ခုံရှိ အပ်ရာမှ ထွက်လာသော သွေးများကို ဂွမ်းစဖြင့် ဖိထားရင်း အိပ်ယာပေါ်မှ ဆင်းလိုက်သည်။

"ဆေးနံ့တွေ ရှိနေပြန်ပြီ!"

ထို့နောက် အိပ်ခန်းတစ်ခုလုံးအား ကိုယ်တိုင်သန့်ရှင်းရေးလုပ်နေလေ၏။

အခန်းအပြင်ဘက်တွင် နှာခေါင်းတစ်ပေါက်ထဲ ဂွမ်းစထိုးထည့်ကာ လက်ပိုက်လျှက် Family Doctorက သခင်ကြီး၀မ်ရိလင်းအား မှင်သေသေကြည့်နေသည်။

"ကျွန်တော်ပြောပါတယ်
ဒီလိုအခြေအနေဖြစ်မယ်ဆိုတာကို
သခင်ကြီးရဲ့သားက ဆာမူရိုင်းသွေးပါနေသလိုပဲ
ပြင်းလိုက်တဲ့လက်သီးချက်.."

Family Doctirက သူ့နှာခေါင်းနှင့် မျက်နှာတစ်ခြမ်းအား လက်ဖဝါးဖြူဖြူလေးဖြင့် ဖိအုပ်ကာ ပြော၏။

"ဒီနည်းလမ်းအပြင် တစ်ခြားမရှိလို့ပါကွာ
စိတ်ထဲမထားပါနဲ့ လစာပိုပေးပါ့မယ်"

"အဲ့ဒီအစါး ကျွန်တော့်ကို နှုတ်ထွက်ခွင့်ပေးပါလားဗျာ
ကျွန်တော် ငွေမယူပဲ ထွက်သွာပါ့မယ်"

"ဒါတေါ့ ရမလားကွ၊ မင်းကမှ နှစ်တွေအကြာကြီး ၀မ်မိသားစုရဲ့Family Doctorအဖြစ် သည်းခံနေနိုင်တာ
တစ်ခြားDoctorတွေဆို တစ်ပတ်လောက်နဲ့ပြေးကြတာကို"

"သခင်လေးကိုကြောက်ကြတာကိုးဗျ
သခင်ကြီးရဲ့ ရောဂါအခြေအနေလဲ စစ်ဆေးဖို့ရှိတယ်နော် လာခဲ့ အခုစစ်ဆေးမယ်"

၀မ်ရိလင်းက ခေါင်းငြိမ့်ကာ Family Doctorနှင့်အတူ အခန်းအတွင်း ၀င်သွား၏။

"ဘယ်လိုလဲကွ! အရင်နှစ်ဆောင်းတွင်းတုန်းက လက်သီးချက်နဲ့ အခုနဲ့ ဘယ်ဟာပိုပြင်းလဲ Doctor.."

"သခင်ကြီးသားက တစ်နှစ်ထက်တစ်နှစ် ပိုအားကြီးလာတာလေဗျာ
ကျွန်တော့် နှာခေါင်းက သွေးတွေကိုပဲကြည့်"

သခင်ကြီးက သူ၏ ညိုမဲနေသော နှာခေါင်းအားကြည့်ကာ ခပ်ဟဟရယ်သည်။
Family Doctorကတော့ မရယ်နိုင်ပါ၊
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို နှာတံစင်းစင်းက သခင်လေးရဲ့လက်သီးချက်ကြောင့် အခြေအနေမဟန်တော့ပဲ တစ်ပတ်လောက်အိမ်တွင်းအောင်းရတော့မည်။

Dear Medical Student[Completed]Where stories live. Discover now