Love you All Readers
_____________________________________
အချိန်တွေကြာလာတာနဲ့ထယ်ယောင်းကဂိုဏ်းမှာလေ့ကျင့်ရေးဆင်းလိုက် ဂျောင်ကုနဲ့companyကိစ္စတွေနဲ့ဂိုဏ်းကကိစ္စတွေတော်တော်များကိုလုပ်လိုက်နဲ့ဂျောင်ကုကလည်းထယ်ယောင်းကိုအရင်လိုခါးခါးသီးသီးဖြစ်မနေတော့
လေ့ကျင့်ခန်းတွေလိုက်စားလာတဲ့ထယ်ယောင်းကအရင်လိုဂျောင်ကုနဲ့တစ်ရပ်တည်းမဟုတ်တော့ ဂျောင်ကုထက်ခေါင်းတစ်လုံးစာထက်အရပ်ပိုရှည်လာသလို ခန္ဓာကိုယ်ကလည်းထွားလာတာမလို့ ဂျောင်ကုနှင့်ယှဥ်လိုက်ရင်ဂျောင်ကုကသေးသလိုဖြစ်သွားပေမယ့် သာမာန်ယောကျ်ားသားတွေနှင့်ဆိုဂျောင်ကုကတန်းတူသာ
---------------------------------------------
လွန်ခဲ့သောအနှစ်နှစ်ဆယ်ခန့်
အိမ်ရှေ့မြက်ခင်းပြင်ကျယ်ကြီးထဲပြေးလွှားနေသည့် Mr.Jeonရဲ့သားငယ်လေး Jungkook
"သားလေး! အရမ်းမပြေးနဲ့ ချော်လဲမယ်"
"ခစ်ခစ်"
"မဆော့နဲ့တော့လာတော့လာ"
"Appa!!"
"မိန်းမရယ်သားလေးလွတ်လွတ်လပ်လပ်ကစားပါစေ"
"အကိုကလည်းကြည့်ပါအုန်းအကို့သားကို တစ်ကိုယ်လုံးချွေးတွေချည်းပဲ့"
"Appa သားဆော့ချင်သေးတယ်"
"အဲဒါဆိုခနလေးထပ်ဆော့ပြီးရင် အိမ်ထဲဝင်ကြစို့နော်"
"ဟုတ်ကဲ့"
ထိုချိန် ခြံထဲသို့ခပ်သုတ်သုတ်ဝင်လာသည့်လူတစ်ယောက် Appaရဲ့လူယုံတော်ဖြစ်သည့်တစ်နည်းအခုလက်ရှိအိမ်တော်ထိန်း Appaရဲ့နားနားကပ်ကာတိုးတိုးလေးပြောပြီးတာနဲ့မျက်ခုံးတွေတွန့်ချိုးပြီး သူတို့ဆီလျှောက်လာတဲ့ဂျောင်ကုရဲ့Appa
"မိန်းမအထဲမြန်မြန်ဝင်တော့ အခြေနေမကောင်းတော့ဘူး"
"ဘာဖြစ်လို့လဲအကို"
"ဒီတိုင်းပဲ့နောက်မှပြောပြမယ် အခုအထဲဝင်ပြီးပုန်းနေတော့"
"သား ဒီကိုလာမြန်မြန်"
"ဘာဖြစ်လို့လဲOmma"
"ကိစ္စတစ်ခုရှိလို့ဘာအသံပဲ့ကြားကြားမထွက်လာနဲ့နော်"

YOU ARE READING
~Bodyguard~ (Z+U)[COMPLETED]
Fanfictionလုံးဝအမှောင်ပါ အမှောင်ကြောက်သူများမဝင်ရ ကိုယ်ကအမြဲတမ်းမင်းအနားကရန်တွေကိုကာကွယ်ပေးမယ့်တစ်ဦးတည်းသောမင်းအပိုင်ကိုယ်ရံတော်လေးပဲ့ start date-10.1.2023 ending date-2.8.2023 အမှောငျကွောကျသူမြားမဝငျရ လုံးဝအမှောငျပါ ကိုယျကအမွဲတမျးမငျးအနားကရနျတှကေိုကာကှယျပေ...