သွားကြမယ်ကိုကိုဆိုပြီးထယ်လေး‌ပြောတော့မှ အတွေးထဲကရုန်းထွက်ရင်း ကုန်တိုက်ဆီဦးတည်ခဲ့ကြတော့သည်

အပြင်သွားတဲ့အခါမပါမဖြစ်ကတော့အမွှေးဖယောင်းတိုင်ပေါ့ ဖယောင်းတိုင်မီးအိမ်ကြီးတကားကားနဲ့တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လုပ်နေတဲ့ကောင်လေးကို ကုန်တိုက်ထဲကလူတွေကအထူးအဆန်းလိုကြည့်နေကြပေမဲ့ သူ့ကိုချောလို့ကြည့်နေကြတယ်များထင်နေလားမသိ လမ်းလျှောက်ပုံကမြှောက်ကြွ မြှောက်ကြွနဲ့
ဗိုက်ခေါက်ဆွဲလိမ်ပစ်ချင်တာအရမ်း
ဒါမဲ့သိတယ်မလား သူနဲ့ကိုယ်နဲ့ကထိတွေ့လို့မှမရတာ

ကိုကိုရေ ဒီဘက်ကိုလာခဲ့ပါဦး ဒီအင်္ကျီလေးကအကိုနဲ့လိုက်မဲ့ပုံလေး

ကောင်လေး မင်းဘယ်သူ့ကိုခေါ်နေတာလဲ တစ်ယောက်တည်းလာတာမလား ဝင်လာတုန်းကမင်းတစ်ယောက်ပဲဝင်လာတာလေဆိုပြီး ဆိုင်ရှင်အန်တီကြီးပြောမှ
ထယ်လည်းကိုကို့ကိုသူတစ်ယောက်တည်းမြင်ရမှန်းသတိရပြီး
ဟုတ်ပါတယ်အန်တီရဲ့ လာတာကျွန်တော်တစ်ယောက်တည်းပါ ဒါပေမဲ့ကျွန်တော်ကသရုပ်ဆောင်လေ့ကျင့်နေတာလေ Castingဝင်စရာရှိလို့

ဪ...အေ အေ ဟုတ်ပါပြီ ဆက်ပြီးလေ့ကျင့် အန်တီဟိုဘက်သွားကြည့်အုံးမယ် လိုတာရှိရင်ခေါ်လိုက်နော်

ဟုတ်ကဲ့ အန်တီ

ထယ်လေးရယ်လူကြားထဲတော့သတိထားမှပေါ့သူများတွေအရူးလို့ထင်ကုန်ဦးမယ်
သူတို့ဘာသာသူတို့ထင်ချင်ရာထင်ကြပါစေ ကျွန်တော်မရူးတာကျွန်တော်သိသလို ကိုကိုလည်းသိတယ်မလား

သိတယ်လေ

အေ့လေ ဒါဆိုရပြီ ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုဘူး
ခုမြန်မြန်အဝတ်အစားဝယ်မယ်ပြီးရင်မုန့်စားပြီး အိမ်ပြန်အနားယူကြမယ်နော်

ထယ်လေးဗိုက်ဆာနေပြီးထင်တယ် မြန်မြန်ဝယ်ပြီးပြန်ကြတာပေါ့
ဈေးဝယ်တဲ့တစ်လျှောက်လုံးရော မုန့်စားတဲ့အထိပါသူတစ်ယောက်စကားတွေပြောနေလို့ဆိုပြီးလူတွေကသူ့ကိုအထူးအဆန်းပုံကြည့်လို့ဆိုပြီး အဲ့လိုကြည့်တဲ့သူတိုင်းကို
ကျွန်တော်သရုပ်ဆောင်လေ့ကျင့်နေတာဆိုပြီးပေစောင်းစောင်းရုပ်လေးနဲ့ ပြောနေပုံကိုကိုယ့်မှာအိမ်ရောက်တဲ့အထိ မျက်လုံးထဲကထုတ်မရသေး

Theory Of LoveKde žijí příběhy. Začni objevovat