ဟာ...ဟုတ်လား ကျွန်တော်ကဖယောင်းတိုင်နဲ့အမွှေးဖယောင်းတိုင်ကတူတူဘဲထင်နေတာ ဟီးးး
ခနနော် သွားပြန်လဲလိုက်အုံးမယ်

ဖြေးဖြေးသွားအုံးနော်

ဟုတ်ကဲ့ကိုကို

အဲ့လိုနဲ့ ထယ်လေးလည်းအမွှေးဖယောင်းတိုင်ဝယ်ပြီးပြန်လာတာနဲ့ ဖယောင်းတိုင်လေးထွန်းပြီး ကျွန်တော်တို့နှစ်ယောက်အဲ့နေရာကထွက်ခဲ့ကြတယ်

ဒါမဲ့ ဒီကောင်လေးဉာဏ်တော့ကောင်းတယ် ကားနဲ့သွားမှာဆိုတော့  လေတိုက်ရင် ဖယောင်းသေသွားမှာစိုးလို့ ဖန်ဘူးလေးပါတခါတည်းဝယ်ခဲ့တယ်တဲ့လေ တော်လိုက်တဲ့ကောင်လေး

နောင်ဖြစ်လာမဲ့အရာတွေကိုတွေးပူခြင်းမရှိဘဲ ထိုကောင်လေးနှစ်ယောက်ကတော့ ထိုနေရာမှပြုံးပျော်ပြီးထွက်ခွာခဲ့ကြတယ်

မြို့ထဲကိုရောက်လာလေလေ ဟိုဆော့တစ်ယောက် wow..wow..wowဆိုတာကိုပါးစပ်က မချမရပ်မနားပြောလေပါပဲ

သူဒီလောကကြီးကထွက်ခွာခဲ့ရတဲ့အချိန်တုန်းက ဒီလောက်ထိမတိုးတက်မပြည့်စုံသေးသလို ဟိုနေရာမှာလည်း 15နှစ်လောက်ဘယ်မှမသွားမလာနေခဲ့ရတာမို့ အရာရာဟာအသစ်အဆန်းဖြစ်နေခဲ့တယ်

သူ့ရဲ့အံ့ဩနေတဲ့ ပုံလေးကိုကြည့်ပြီး ပါးစပ်နားရွက်တက်ချိတ် မတတ်ပြုံးဖြီးနေသူကတော့ 18နှစ်သားလေးကင်မ်ထယ်ယောင်းပေါ့

ကျွန်တော်နေတဲ့ကွန်ဒိုရှေ့ရောက်လာလို့ ကားရပ်လိုက်တာတောင် ကျွန်တော့်ကိုကိုကတော့ wowလို့မပြီးသေးပါဘူး

ကိုကိုရေ ကျွန်တော်နေတဲ့နေရာရောက်ပါပြီ

ဟမ်းးဒါထယ်လေးနေတဲ့နေရာလား ဒီအထပ်အမြင့်ကြီးမှာတစ်ယောက်တည်းနေတာလား သရဲမကြောက်ဘူးလားဟင်

ဟဟဟားးကိုကိုရယ် သရဲနဲ့စကားပြောနေတာကိုကြောက်စရာလား

ကိုကိုက ရုတ်တရပ်စိုးရိမ်သွားလို့ပြောမိတာပါဆိုပြီး နှုတ်ခမ်းတထော်ထော်နဲ့ ရန်ဆောင်‌ေနတဲ့ကိုကို့ကို ကျွန်တော်အသဲယားလိုက်တာ အဟိ

ကိုကို့ကိုကျွန်တော်ပြောပြမယ်နော် ဒီအထပ်အမြင့်ကြီးမှာ အခန်းတွေအများကြီးပါတယ် တစ်ခန်းကိုလူတစ်ယောက်စီငှားတဲ့သူကငှား ဝယ်တဲ့သူကဝယ်ပြီးနေကြတာ

ကွန်ဒိုတိုက်ခန်းပေါ့ အများကြီးမရှင်းပြတော့ဘူး
လာလိုက်ခဲ့ ကျွန်တော့်အခန်းကိုလိုက်ပြမယ်လို့ပြောပြီး ကိုကို့လက်ကိုကျွန်တော်ဆွဲလိုက်တဲ့ချိန် အသားချင်းမထိနိုင်ခဲ့ဘူး

တခဏတော့ကြောင်အ မိသွားပေမဲ့ ဪ ကျွန်တော်တို့ကဘဝချင်းမှမတူကြတာဘဲ ဆိုပြီးသတိရမိသွားတယ်

ဒီတိုင်းလေးကျွန်တော့်အခန်းရှိရာကို အတူတူတက်ခဲ့ကြတယ်

အခန်းတံခါးဖွင့်လိုက်တာနဲ့ ကျွန်တော့်ရဲ့ကိုကိုကတော့ စတင်ပြီးwowတော့တာပါပဲ

Wow....မိုက်လိုက်တာထယ်လေးရယ် အခန်းတစ်ခန်းထဲမှာဘဲ ရေချိုးခန်း၊အိမ်သာ၊မီးဖိုဆောင် အိပ်ခန်းစုံနေအောင်ပါတယ်နော်

ကျွန်တော့်မှာရယ်ချင်ပေမဲ့သူ့ကိုလှောင်တယ်ထင်မှာစိုးလို့ ရယ်ချင်စိတ်ကိုထိန်းပြီး

နောက်ပိုင်းဒီလိုတွေပဲသုံးကြတော့တာလေ ကျွန်တော်တောင်ဒီကိုပြောင်းလာတာမကြာသေးဘူး တက္ကသိုလ်တက်ရတော့မှာမို့ ကျောင်းနဲ့နီးတဲ့ တိုက်ခန်းကိုပြောင်းလာခဲ့လိုက်တာ

တက္ကသိုလ်.....ကိုကိုရောတက်ခဲ့ဖူးလားမသိဘူး
ဒီစကားလုံးကိုရင်းနှီးသလိုခံစားနေရတယ်

ဟုတ်လား...အဲ့တာဆိုကျွန်တော်ကျောင်းသွားတဲ့နေ့ကျလိုက်လာခဲ့လေ ကိုကိုအရင်ကအဲ့မှာတက်ခဲ့ဖူးတယ်ဆိုရင်တစ်ခုခုတော့မှတ်မိနိုင်တာပဲလေနော်

လိုက်ချင်ပေမဲ့ လွယ်ပါ့မလားထယ်လေးရယ်

ဘာလို့မလွယ်ရမှာလဲကိုကိုရဲ့

ဟိုအမွှေးဖယောင်းတိုင်ကြီးကသယ်သွားရအုံးမှာလေ

အဲ့အတွက်ဆိုရင်တော့စိတ်မပူပါနဲ့ ကျွန်တော်ကြည့်ကြပ်စီစဉ်မယ်

ခုလောလောဆယ်တော့ကိုကို့ကိုအဝတ်အစားအသစ်တွေသွားဝယ်ပေးမယ်နော်

မလိုပါဘူးထယ်လေးရယ် ကိုကိုကို့ဘယ်သူမှမြင်ရတာလဲမဟုတ်ဘူး ဘာအညစ်အကြေးမှလဲ ခန္ဓာကိုယ်မှာပေကျံတာမှမဟုတ်တာ

ဘယ်သူမှမမြင်ရပေမဲ့ ကျွန်တော်မြင်ရတယ်လေ ကိုကို့ကိုကြည့်ကောင်းစေချင်လို့ ဝယ်ပေးမှာကို ကျွန်တော့်စေတနာကို အသိအမှတ်မပြုချင်လည်းရပါတယ်

အမလေးးဟုတ်ပါပြီ ကလေးလည်းမဟုတ်ဘူးလာချွဲနေတာ ဝယ်ပေးချင်တယ်ဆိုလည်းဝတ်ပါ့မယ် ဟုတ်ပြီလား ခုတော့ရေအရင်သွားချိုးလိုက် ပြီးမှသွားမယ်

ဟုတ်ကဲ့ ကိုကို ရေမြန်မြန်ချိုးပြီးလာခဲ့ပါ့မယ်

ဟယ်ဟယ်...အများကြီးပျောက်သွားမိလို့မီယားနဲ















Theory Of LoveWhere stories live. Discover now