တခြားသူသာဆို စိတ်တိုဒေါသထွက်မိလောက်မှာဖြစ်သော်လည်း ဟန်ပြောသမျှနားထောင်နေရချိန်မှာတော့ ဉီးဇန်အတွက်ချိုမြိန်သည်ဟုခံစားမိကာ ပြုံးနေမိခြင်းဖြစ်၏။

ကားပေါ်ကဆင်းသည်နှင့် ဉီးဇန်ဟာ အရင်ဉီးစွာ ဟန့်ရဲ့လက်အား ဖမ်းဆုပ်ကာကိုင်လိုက်၏။

" ဉီးဇန် ဉီးဇန် "

" ပြောလေ ဟန် "

" ဟိုကိုကြည့် လှလိုက်တာ "

ဟန်က စိတ်လှုပ်ရှားမှုအပြည့်နဲ့ ရေပြာအိုင်အား ညွှန်ပြကာ ပြုံးရီနေ၏။ ဒီနေ့ အချိန်တော်တော်ကြားကြားပြုံးရီနေသူ အမျိုးသားကြောင့် သူကိုယ်တိုင်သည်လည်းစိတ်ချမ်းသာရ၏။

" ဉီးဇန် ရေအိုင်နားကို သွားရအောင်နော် "

" အင်း သတိထား "

" ဉီးဇန်ရော လိုက်ခဲ့လေ "

" အင်း ကိုယ်လိုက်ခဲ့ပါမယ် "

ချစ်ရသော အမျိုးသားငယ်ခေါ်ရာနောက် လိုက်ရပြန်သည်။ မျက်လုံးလေးတွေကအစ အရောင်တလက်လက်ဖြင့်။

" ကျွန်တော် ဓာတ်ပုံလေးရိုက်ဉီးမယ်ဗျ။ "

" အင်း "

ဟန်က ဖုန်းကိုထုတ်ကာ သေချာပင် ရိုက်ကူးနေ၏။ ကျောပေါ်လွယ်ထားသော လွယ်အိတ်အား ဉီးဇန်က လေးမည်စိုးတာကြောင့် ဖြုတ်ယူပေးတာကိုပင် အာရုံမစိုက်နိုင်သော အမျိုးသားငယ်အား အနောက်ကနေ၍ လက်ပိုက်ကာ ကြည့်နေလိုက်တော့သည်။

ခဏအကြာတော့ အမျိုးငယ်ထံ သူငယ်ချင်းတွေက ဖုန်းဆက်လာပုံရသည်။

" တွေ့လား လှလိုက်တာကွာ "

" အေး မင်းပျော်နေ အဲ့မှာ၊ ငါတို့ကိုတောင် မခေါ်သွားဘူး "

" မင်းတို့ကလည်း ငါလည်း သွားဖို့အစီအစဉ်မရှိပါဘူး။ ဉီးဇန်နဲ့တူတူ လိုက်ခဲ့လို့သာ ရောက်လာရတာ "

" နောက်တစ်ခါကျရင် ငါတို့တူတူထပ်သွားရအောင် "

" အေး သွားကြမယ်လေ၊ ငါ ရိုက်ထားတဲ့ပုံတွေရှိသေးတယ် မင်းတို့ကို ပို့ပေးမယ် "

" အေးပါ ရုပ်ကိုက ရိုက်ချင်စရာ အဲ ဉီးဇန် ကန်တော့ ကန်တော့ "

ဖုန်းပြောနေတုန်း ဉီးဇန်နောက်က ပေါ်လာတာကြောင့် စကားတို့ပင် အရှိန်သတ်သွားရသည်။

DEARESTWhere stories live. Discover now