''မောင်မငိုပါဘူး ငယ်ရဲ့...မောင်မငိုပါဘူး''

''မောင်''

စကားလုံးတလုံးချင်းဆီကို မနည်းအားပြုကာ
ပြောနေရသည့်ကြားမှ မြတ်နိုးရသည့် ထိုနာမ်စားလေးအား
အကြိမ်ကြိမ်အခါအခါ ခေါ်နေမိသည်။

''ပြောလေ ....ငယ်.. မောင်နားထောင်နေတယ်နော်''

''မောင့်ကို ငယ်သိပ်ချစ်တယ် ''

''........''

''ပြောမပြတတ်အောင်...ချစ်တယ်...မောင်''

''........''

ကောင်းခန့် ဘာစကားမှ ပြန်မပြောနိုင်ပဲ အသံတိတ်ကာ
သာငိုနေမိသည်။

''ငယ်လေ..သေရမှာကို...မကြောက်ပါဘူး
မောင်နဲ့... ခွဲရမှာပဲ... ကြောက်တာ''

''.......''

''ငယ်မရှိတော့ရင်...မောင်..ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်..
ထမင်းလည်း ပုံမှန်စား... အလုပ်ချည်းပဲလည်း
ဖိမလုပ်ရဘူးနော်...ငယ်ကို လွမ်းတဲ့အခါတွေလည်း...
ခိုးပြီး မငိုရဘူးနော်...မောင်။ ပြီးတော့လေ..အခန်းတွေလည်း
ရှုပ်ပွမထားရဘူးနော်...ကြားလား..မောင်''

''......''

''မောင်...မောင်ငိုနေလားဟင်''

''.....''

ဒီတခါတော့ ကောင်းခန့်ဟန်ဆောင်ပြီးပင် ပြန်မဖြေနိုင်တော့။ ပါးပြင်ထက်က မျက်ရည်တွေဟာ အတားအဆီးမရှိ။

''မငိုပါနဲ့...မောင်ရယ်...မောင်မျက်ရည်ကျတာ
ငယ် မကြည့်ရက်ဘူး..ကျေးဇူးပြုပြီး..ငယ့်အတွက်နဲ့တော့
မျက်ရည်မကျလိုက်ပါနဲ့ မောင်''

ဝတ်ရည်၏ စကားတို့အား ဘယ်လိုစိတ်နှင့်မှ အားတင်းကာ
နားမထောင်နိုင်တော့သည်မို့ စကားလမ်းလွှဲရတော့သည်။

''ဟို...ငယ်..အခန်းပြန်တော့မလားဟင်...
အပြင်မှာ...လေတွေ အရမ်းတိုက်တယ်...ငယ်ရဲ့''

''ဟင့်အင်း...မောင်...ဒီနေဝင်ချိန်လေးကို
မောင်နဲ့အတူတူ ကြည့်ချင်သေးတယ်...''

နောက်ဆုံးအနေနဲ့ပေါ့ မောင်ရယ်။ နောက်ဆုံးတခေါက်လောက်ဖြစ်ဖြစ် နေဝင်ချိန်လေးကို မောင်နဲ့အတူတူ.
ကြည့်ပါရစေလား။

''အချစ်ဟုခေါ်သည်''Where stories live. Discover now