°°°°°°°°°
"ကိုကိုလေး..."

"အင်း..."

ကားမှန်ချထားတာကြောင့် ကားမောင်းနေသည့် ကိုကိုလေးမျက်နှာဟာ လမ်း မီးရောင်အောက်တွင် ဖြူ၀င်းတောက်ပကာ နာမည်ကြီးသရုပ်ဆောင်တစ်ဦးကဲ့သို့။
ငေးမိငေးရာ ငေးနေသည့် ရှောင်းကျန့်က သူ့ဘက်မျက်နှာလှည့်လာသည့် ကိုကိုလေးကြောင့် ကားနောက်ခုံသို့ ခေါင်းကပ်ထားလိုက်မိသည်။

"ဘာပြောမလို့လဲ.."

"ဟို...အခုသွားနေတဲ့နေရာရောက်ရင်လေ...
အမြဲပြုံးနေရမှာလား ဒါမှမဟုတ် တည်တည်နေလို့ရလား.."

ရိပေါ်က ကားလမ်းဘက်သို့ မျက်နှာပြန်လှည့်လိုက်၏။
တကယ်ပါပဲ ဒီဆေးကျေင်းသားက Partyတစ်ခါမှမတက်ဖူးဘူးထင်ပါရဲ့။

"ကိုယ့်စိတ်အလိုကျနေလို့ရတယ်
စိတ်မကြည်ရင် တည်တည်နေလိုက်
ပျော်ရင် ပြုံးနေလိုက်..."

"အဲ့ဒီကိုရောက်ရင်
ကျွန်တော်က မက်တပ်ရပ်နေရမှာလား
ထိုင်နေရမှာလား.."

ရိပေါ် ရယ်ချင်သည့်စိတ်ကို တံတွေးမျိုချရင်း ထိန်းလိုက်၏။
ငါ့နှယ်...

"ထိုင်ခုံအလွတ်ရှိရင်ထိုင်လို့ရတယ်
ထိုင်စရာမရှိရင် မက်တပ်ရပ်နေရမှာပေါ့...
ဒါပေမဲ့ အခုသွားမဲ့Partyက လေလ့အသေးစားလေးရှိလို့ တစ်ချိန်လုံး ထိုင်နေရမှာ..."

"အော်..."

"ဘာသိချင်တာရှိသေးလဲ
မေးလေ.."

ခပ်ပါးပါးပြုံးရင်း ခေါင်းခါပြလိုက်တော့ ကိုကိုလေးက ရယ်၏။ ခါတိုင်းရယ်သလိုမဟုတ်ဘဲ မျက်လုံးနက်စွေးစွေးတွေ ပိတ်ကျသွားသည်အထိ ရယ်နေတော့ ရှောင်းကျန့်မှာ ခိုးခိုးငေးရတာ အမော။

ကိုယ့်ဘာသာ အငေးကောင်းနေတာကို ပြန်သတိထားမိပြီး အကြည့်လွှဲရသည်မှာလဲ ခဏခဏပင်။

Partyကျင်းပရါနေရာသို့ ရောက်တဲ့အခါ ရိပေါ်က ကားပါကင်သို့မောင်းသွားကာ ကားရပ်လိုက်၏။

"ရောက်ပြီ...ဆင်းလေ"

"ဟုတ်.."

နှစ်ဦးသားကားပေါ်မှပြိုင်တူဆင်းလိုက်ပြီးနောက်
ရိပေါ်က ဦးဆောင်ကာ ပွဲခန်းမအတွင်းသို့ လျှောက်သွားပြီး ရှောင်းကျန့်က အနောက်မှ ​လိုက်သည်။

Dear Medical Student[Completed]Where stories live. Discover now