2

194 34 4
                                    

မှောင်မဲပြီ ဂိုထောင်အတွင်းထဲတွေ နီကျစ်ကျစ် မီးတစ်လုံးသာထိုးထားပြီ ပစ္စည်းလှဲလည်နေသူတို့သာရှိသည် ။ အခြားသူတို့မဟုတ်ပါ ပတ်ခ်ချန်းယောလ်သာဖြစ်၏ ။




"Loey မင်းပစ္စည်းပါလား"




ချန်းယောလ်သည် အမှောင်ဘက်ခြမ်းတွေ သူ့နာမည်ကို "Loey"လို့သာထွင်းစေသူဖြစ်သည် ။ တစ်ဖက်လူက ပစ္စည်းတောင်းလာတာကြောင့် ချန်းယောလ် သူ့ဘေးမှာချထားတဲ့ ပစ္စည်းကိုကောက်ယူလိုက်ပြီ ခုံပေါ်ပြစ်တင်ပေးလိုက်သည်





တစ်ဖက်လူက ပစ္စည်းတွေကို တစ်ခုချင်းစီး ကိုင်တွယ်သေချာစစ်စစ်ပြီးသွားမှ မျက်နှာပေါ်တွေကျေနပ်အားရမှုရှိသွားမှ သူ့တို့ရှိမှာ ပါလာတဲ့ပိုက်ဆံကို ချန်းယောလ်ရှိကိုလွဲပြောင်းပေးသည်။




"Loey မင်းရှိမှာ ဝယ်ရတဲ့ပစ္စည်းတွေက အရေးအသွေးအရမ်းကောင်းတာကြောင့် တကယ်ကျေနပ်ရတယ် "




ချန်းယောလ်သည် အပိုအလိုမပြောချင်တာကြောင့်...




"ဒါပဲမှတ်လား သွားတော့မယ်"





ချန်းယောလ်ပိုက်ဆံအိတ်ကို သေချာစစ်ယူပြီ အပြင်ထွက်လာခဲ့သည် ။ အနောက်က လူက သူ့နဲ့အတူ တစ်ခွက်လောက်လိုက်သောက်ဖို့ကိုခေါ်နေတာကို ချန်းယောလ်မကြားသလို့ လျစ်လျူပြီးထွက်လာခဲ့သည် ။ ချန်းယောလ်သည် ငယ်ငယ်လေးထဲက သေနတ်တွေနဲ့ဆော့ကစားရတာကိုကြိုက်နှစ်သက်သလို့ ကြီးလာတော့လဲ ငယ်ငယ်ကဝါသနာပါတဲ့ အလုပ်ကိုသာလျှောက်လှမ်းခဲ့သည် ။




ပါးစပ်ထဲမှာ ချဥ်ဖန်ဖန်ဖြစ်နေတာကြောင့် ဆိုင်တစ်ဆိုင်ရှေ့လမ်း​ဘေးမှာ ကားကိုထိုးရက်လိုက်ပြီ စီးကရက် တစ်လိပ်ဖွာနေလိုက်သည် ။ အခုမှပဲ လိုနေတဲ့အရသာရသွားသလို့ စိတ်​ကျေနပ်သွား၏ ။ ချန်းယောလ် စီးကရက်အငွေ့တွေက ကားထဲတွေပြည့်နှယ့်လာတာကြောင့် ကားမှန်ကိုချလိုက်ရင် ချန်းယောလ်၏မျက်လုံးသည် ဆိုင်ထဲကိုအလိုလိုကြည့်လိုက်မိ၏ ။ စတော်ဘယ်ရီသီးကို ပါးတွေပြည့်ဖောင်းနေတဲ့အထိစားနေတဲ့ ကောင်လေးကိုမျက်တောင်မခက်တမ်းကြည့်နေမိသည် ။ တစ်လုံး​ပြီးတစ်လုံးထည့်ပြီ စားနေတာကြောင့် ပါးကပြည့်ဖောင်းယုံမက နှုတ်ခမ်းကစူထော်လာသည် ။ အလုပ်ပြေးလုပ်နေရင် စတော်ဘယ်ရီသီးကို လက်သေးသေးလေးအပြည့်နိုက်ယူသွားတာကြောင့် ချန်းယောလ်သဘောသကျရယ်လိုက်မိသည် ။ ချန်းယောလ် ဘယ်လောက်တောင်အကြာကြီးစိုက်ကြည့်မိလိုက်သလဲမသိ လက်ညိုးနဲ့ လက်ခလယ် ကြာကစီးကရက်အတိုလေးက သူလက်ကိုပူလာမှသာ အသိဝင်တော့၏ ။ ချန်းယောလ် သူ့လက်ထဲက စီးကရက်အတိုကိုအောက်ပြစ်ချလိုက်ရင် ဆိုင်ထဲကိုကြည့်လိုက်တော့ ဆိုင်တောင်သိမ်းနေပြီ ။ ချန်းယောလ် စိတ်ထဲတွေ အလိုမကျသလို့ဖြစ်သွားမိသည် ။ ဆိုင်လေးက တံခါးပိတ်သွားယုံတင်မက မီးပါပိတ်သွားပေးမဲ့ " သူ့နှလုံးသားထဲတွေ စတော်ဘယ်ရီသီးနဲ့ ကောင်လေးက " ထင်ကျန်ခဲ့သည် ။






***************************

1.1.23




Strawberry and Cigarette 🍓🚬Where stories live. Discover now