Ep7 part2 unicode

En başından başla
                                    

''ငါ့မားရဲ့ဝိညာဥ်သာ အ့လိုတွေ မြင်နေကြားနေရရင် ဘယ်လိုလုပ်မလဲ ငါက သားတစ်ယောက် တာဝန်ကျေပွန်ခဲ့တာ မဟုတ်ဘူး မားသာ ငါ့ကို အ့နေ့က မကာကွယ်ပေးခဲ့ရင်...''

''ကျန့်ကော ငိုချင်နေတာမလား ငိုချလိုက်ပါ ဒီမှာ ကျန့်ကောနဲ့ ကျွန်တော် အပြင် ဘယ်သူမှမရှိတာမလို့ အ့လိုကြီးတော့ နှုတ်ခမ်းကိုကိုက်ပြီး တင်းမထားပါနဲ့နော်''

(ချစ်သော တို့ မိသားစုကိစ္စကို ကျွန်တော် ဝင် မစွက်ဖက်တတ်ပေမယ့် ချစ်သော ခံစားနေရတာကို မြင်ရတာ ကျွန်တော့်ရင်တွေ ပေါက်ထွက်မတတ် ခံစားရတယ်)

''နော်...ကျန့်ကော ငိုချလိုက်ပါ''

''မားသာငါ့ကိုအ့နေ့က မကာကွယ်ပေးခဲ့ရင်....
တကယ်တမ်း အ့နေ့က သေသွားသင့်တာ ငါပါကွာ..😭''

''မဟုတ်ပါဘူး ကျန့်ကောရယ် ကျန့်ကောမားက ကျန့်ကောကို တအားချစ်လို့ အသက်ပေးကာကွယ်သွားတာလေ အ့လိုကြီး ကျန့်ကောကြောင့်လို့ မတွေးပါနဲ့''

''ဒါပေမယ့် မားကို အ့နေ့က ငါသာ မပူဆာခဲ့ရင်....😭''

''ငိုလိုက်ပါ ကျန့်ကော အခုငိုပြီးရင်တော့ ထပ်မငိုရတော့ဘူးနော်''
ဒါကတော့ ''ချစ်သော'' မကြားအောင် တိုးတိုးလေ ကျွန်တော် ပြောလိုက်သောစကားလေးပါ
ကျွန်တော်လည်း ''ချစ်သော'' ပခုံးလေးကိုဖက်ပြီး နောက်ကျောလေးကို ပွတ်ပေးလိုက်တယ်
အသားယူတာမဟုတ်ပေမယ့် အခုအချိန် ''ချစ်သော'' နှစ်သိမ့်မှုကို လိုအပ်နေတယ်ထင်လို့

အချိန်အနည်းငယ်လောက် ကြာအောင် ငိုပြီးတဲ့အခါမှာတော့
''ဆောရီး ငါ ဘာလို့ မင်းကို ပြောမိပြီး ငိုမိသွားလဲ မသိဘူး ငါ့ကို ယောကျာ်းလေးဖြစ်ပြီး ပျော့ညံ့တယ်လို့ထင်သွားလား''

''မထင်ပါဘူး မားက ပြောဖူးတယ် လူတွေက အရမ်းစိတ်ထိခိုက်လာတဲ့အခါ ဝမ်းနည်းပြီး ငိုတတ်ကြတယ်တဲ့ ယောကျာ်းလေးမလို့ မငိုရဘူးဆိုတာက မှားတယ်တဲ့ ဝမ်းနည်းစရာဆိုတာက လူတိုင်းမှာ ရှိတတ်တာမလို့ အ့လိုသတ်မှတ်ထားတာ မရှိဘူးတဲ့ ဒါပေမယ့် အရှုံးတော့မပေးနဲ့တဲ့''

''ဟုတ်လား မင်းရဲ့မားကလည်း စိတ်သဘောထားကောင်းတဲ့လူ ဖြစ်မယ်''

You💞💞💞(unicode + zawgyi)Hikayelerin yaşadığı yer. Şimdi keşfedin