Ep ( 10 )

2.1K 289 5
                                    

" ဘယ်လိုလဲ
ကျွန်မတိုးတက်လာပြီမလား "

ထိုအမျိုးသမီးကပြုံးရင်းခေါင်းလေးညိမ့်ကာ
" ဒါပေါ့ ဟန်နီရဲ့ "

ခွန်းငယ်လည်းပြုံးရင်း
စောင်းကိုစားပွဲတွင်တင်ကာ
" အဲ့ဒါပြောတာပေါ့
ကျွန်မကသင်ယူတတ်မြောက်လွယ်ပါတယ်လို့ "

ထိုစကားကြောင့်ထိုအမျိုးသမီးမှာတခုခုကိုတွေးရင်းငိုင်ကျသွားတော့သည် ၊၊

ခွန်းငယ်လည်းသူမမျက်နှာကိုသေချာကြည့်ရင်းလက်မောင်းလေးကိုကိုင်လှုပ်ကာ
" ထား !! "

ထိုတော့မှသူမကခွန်းငယ်ကိုကြည့်ရင်း
" အွန်း ပြောလေ ဟန်နီ "

" ဘာလို့ငြိမ်ကျသွားတာလဲ "

" အရင်အချိန်တွေကိုပြန်သတိရသွားလို့ပါ "

" ကျွန်မကိုလည်းပြောပြပေးပါလား "

" အခုတော့တို့ကဟန်နီကိုစောင်းဘယ်လိုတီးရလဲဆိုတာသင်ပေးနေပေမယ့်
အရင်ကတော့ဟန်နီကတို့ , ကိုသင်ပေးခဲ့တာလေ
တို့ , တလွဲတွေလုပ်မိတိုင်း ဟန်နီကပြန်ပြင်ပေးရင်တို့ ,အမြဲတမ်းအဲ့စကားလေးကိုပြောနေကြမို့ "

" ထား , ကဘာပြောလို့လဲ "

" တို့,က သင်ယူတတ်မြောက်လွယ်ပါတယ်လို့ "

ထိုစကားကြောင့်နှစ်ယောက်သားတစ်မျက်နှာတစ်ယောက်ကြည့်ကာပြုံးလိုက်ကြလေသည် ၊၊

ထို့နောက်သူမကခွန်းငယ်ဆံနွယ်လေးတွေကိုနားရွက်အနောက်ထဲသို့ပို့ကာတစိမ့်စိမ့်ကြည့်ရင်း
" တို့ , အဲ့လိုပြောတိုင်းအပြုံးအရယ်မရှိတဲ့ဟန်နီကပြုံးသွားတတ်တယ်လေ
အဲ့အပြုံးတွေကိုတို့ ,ကသိပ်သဘောကျခဲ့တာ "

" ဒါနဲ့ဘယ်သူကအရင်သဘောကျခဲ့တာလဲဟင် "

သူမကပြုံးရင်း
" သဘောကျတာကတော့
စတွေ့တဲ့နေ့တည်းက
တူတူကိုသဘောကျနေခဲ့ကြတာ
ဒါပေမယ့် ဟန်နီဘက်ကတော့
အမြဲလိုလိုပုန်းလျှိုးကွယ်လျှိုးနဲ့လေ
တို့ကတော့
သဘောကျရင်သဘောကျတဲ့အတိုင်း
သိသိသာသာကိုဖော်ပြနေခဲ့တာ "

ခွန်းငယ်လည်းပြုံးရင်းသူမပြောတဲ့အတိုင်းမျက်လုံးထဲပုံဖော်ကြည့်ကာ
" ဒါနဲ့ဘယ်လိုစတွေ့ခဲ့ကြတာလဲဟင် "

ထိုမေးခွန်းကြောင့်သူမကအလိုမကျစွာဖြင့်
" ဒါတော့လွန်သွားပြီနော် ဟန်နီ
အမှတ်တရကောင်းလေးတွေကို
မင်းဘယ်လိုတောင်မေ့ပစ်နိုင်ရတာလဲ "

" တောင်းပန်ပါတယ်
ကျွန်မလည်းမရည်ရွယ်ပါဘူး "

" ကဲပါ ဆက်ပြောပြပါ့မယ် "

ခွန်းငယ်လည်းသေချာဂရုတစိုက်နားထောင်ဖို့ဟန်ပြင်ရင်း
" ဟုတ်ကဲ့ "

" တို့ , ကိုစောင်းတီးသင်ပေးမယ့်သူဆိုပြီးတော့
ဖေဖေပဲဟန်နီ့ကိုခေါ်လာပေးခဲ့တာလေ
သူ့ကြောင့်ပဲဆုံဆည်းခဲ့ရသလို
သူ့ကြောင့်ဝေးကွာခဲ့ရတယ်
သူ့ကြောင့်ပဲတို့တွေသေဆုံးရခဲ့တယ် "

သူမဟာပြောရင်းဒေါသသံတွေရောထွေးလာတာကြောင့်ခွန်းငယ်ဟာလက်လေးနှစ်ဖက်ဖြင့်သူမပါးပြင်လေးကိုကိုင်တွယ်ထိတွေ့ရင်း
" ပြီးခဲ့တာတွေလည်းပြီးခဲ့ပြီ ထားရယ်
ပျော်စရာအမှတ်တရလေးတွေပဲပြောရအောင်နော် "

ထိုတော့မှသူမလည်းစိတ်လျှော့ကာခေါင်းလေးညိမ့်ပြပြီးခွန်းငယ်လက်လေးကိုနမ်းရှိုက်လိုက်လေသည်၊၊

တစ်ဖက်တွင်လည်း . . . .

ခွန်းငယ်အမေဖြစ်သူဟာမေ့မျှောနေတဲ့သမီးဖြစ်သူကိုရေပတ်တိုက်ပေးပြီးအဝတ်အစားတွေလဲပေးနေလေသည် ၊၊

ထိုစဥ်ရွှေရည်လည်းအချိန်ကိုက်ရောက်လာသည်မို့ဝိုင်းကူလုပ်ပေးနေလေသည် ၊၊

ပြီးသွားသည်နှင့်ရွှေရည်ဟာဖြူဖက်ဖြူရော်ဖြစ်နေတဲ့ခွန်းငယ်အမေကိုကြည့်ရင်း
" ထမင်းစားပြီးပြီလား အန်တီ "

" စားချင်စိတ်မရှိပါဘူး သမီးရယ် "

" အန်တီဒီလိုဖြစ်နေတာခွန်းငယ်သိရင်လည်းစိတ်ကောင်းမှာမဟုတ်ဘူး သွားစားလိုက်ပါနော်"

ခွန်းငယ်အမေဟာခေါင်းလေးခါရမ်းရင်း
" မစားတော့ပါဘူး သမီးရယ် "

" အန်တီပါလဲသွားရင်
ခွန်းငယ်ဘယ်လိုလုပ်မလဲ အန်တီ
ခွန်းငယ်အတွက်ပဲဖြစ်ဖြစ်
တခုခုတော့စားလိုက်ပါနော် "

ဒီတော့မှခွန်းငယ်အမေလည်း
" ဒါဆိုလည်းအန်တီတခုခုသွားစားလိုက်ဦးမယ်
ခွန်းငယ်ကိုအပ်ခဲ့တယ်နော် သမီး "

" ဟုတ်ကဲ့ပါ
စိတ်ချပါ အန်တီ "

ခွန်းငယ်အမေထွက်သွားသည်နှင့်ရွှေရည်လည်းခွန်းငယ်လက်လေးကိုဆုပ်ကိုင်ကာ
" ငါနင့်ကိုအစတည်းကပြောတယ်မလား
ဒီအိမ်ကနေအမြန်ဆုံးထွက်သွားပါလို့
အခုတော့နင်ဖြစ်ပြီမလား
အမြန်ဆုံးပြန်နိုးထလာပါတော့ ခွန်းငယ်ရယ် "

ခြံအမှတ်(၁၃)Where stories live. Discover now