ချို လည်း အိမ်ကို ရောက်လာသည်ဖြစ်၍ ညနေစောင်းသည်အထိ စကားတွေ ပြောဖြစ်ခဲ့ကြသည်။ချို နှင့် ကျွန်မသည် ငယ်သူငယ်ချင်းအရင်းကြီးတွေလည်း ဖြစ်သောကြောင့် စကားစ၍ ပြောလိုက်သည်နှင့် ဖြတ်၍မရတော့...ချို ယောင်္ကျားဖြစ်သူ ဦးဆက်ရှိန်စိုင်း လာခေါ်မှ ချိုတစ်ယောက် သူ့အိမ်သို့ ပြန်သွားခြင်း ဖြစ်ပေသည်...။
" ဟီး ဟုတ်တယ် မေမေရဲ့...ပျော်စရာ အရမ်းကောင်းတာ မောင်က သား သွားချင်တဲ့နေရာတွေ အကုန်လိုက်ပို့ပေးတာ... "
" ဟမ်း...စိုင်းလေးတော့ သနားပါတယ် ဒီအဆိုးလေးကို နောက်က အတင်းလိုက်ထိန်းနေရမှာ မြင်ယောင်မိတယ်...စိုင်းလေးတော့ အတော်ပင်ပန်းသွားရှာမှာပဲ "
ဒေါ်နန်းဆိုင်တစ်ယောက် သားဖြစ်သူအား စလိုက်လေသည်။ထိုအခါ နန်းလွန်းသည် နှုတ်ခမ်းဖူးဖူးလေးအား ဆူ၍
" ဟွန်း...ဟုတ်တယ် ဟုတ်တယ်
သားအတင်းဆိုးခဲ့တာ "" ဒါပေမဲ့ မောင်က သားကို လိုက်ထိန်းပေးနေရတာကိုပဲ ပျော်နေတာ...နော် နောက်လည်း ထပ်သွားကြမယ်တဲ့ သိလား "
" မေမေကလေ တကယ်...
ဒေါ်နန်းဆိုင်သားက နန်းလွန်းနောင်လား
မောင်လားကို မသိတော့ဘူး...ဟွန်း "စိတ်ကောက်သွားသော ကျွန်မသားလေး ကျွန်မကို ပေးမပြော သူပဲ ဆက်တိုက်ပြန်ပြောသွားလေသည်။
" နန်းလွန်းလေးရယ် မေမေက စတာကို...ငါ့သားလေး ဒီလောက်ချစ်စရာကောင်းတာ ဘယ်သူက ပင်ပန်းမှာလဲ...နော် "
ထိုအခါမှ စိတ်ကောက်၍ ဆူပုတ်နေသော နှုတ်ခမ်းလေး အပေါ်သို့ ကွေးညွန့်သွားလေတော့သည်။ကျွန်မသားက ခုချိန်ထိ ကလေးလေးလို ဖြစ်နေတုန်းပင်...
" ဟီး အွန်းလေ...အွန်းလေ သားက ဒီလောက်ချစ်စရာကောင်းတာကို နော် "
"ဟုတ်ပါ့ ဟုတ်ပါ့...ကဲ အပေါ်တက် ရေမိုးချိုးပြီး ထမင်းစားဖို့ အောက်ဆင်းခဲ့နော် သား "
" ဟုတ်ကဲ့ပါခင်မျ "
နန်းလွန်းတစ်ယောက် လုံးတုံးလုံးတုံးနှင့် လွယ်အိတ်လေး လွယ်၍ အိမ်ပေါ်ပြေးတတ်သွားလေတော့သည်...။
အပိုင်း ( ၃ )
Start from the beginning