မောင်ဟုခေါ်သည် ❤️
by Shweyee ❤️
Uni
"မင်းအိမ်ထဲကိုဘာဝင်လုပ်တာလဲ...မင်းဘယ်သူလဲ!..."
"ဝင်ချင်တယ်လို့ထင်မနေနဲ့...ငါကတာဝန်အရ"
အိမ်ထဲဆေးအိတ်ဆွဲကာဝင်လာသည့်လူကြောင့် ဒီပါတင်းကာပြောလိုက်ခြင်းပင် ထိုလူကလည်းသူ့အားခပ်ချေချေသာပြန်ပြောသေး။ ထိုကောင်ကတော့ ဟိုနေ့ကအိမ်ကလူနှင့်တွေ့လိုက်သည့်အကောင်ပင် အခုလည်းမပြောမဆိုနှင့်အိမ်ထဲဝင်လာ၏ ဒီလိုဝင်လာတာကဟိုလူစနတ်တွေပဲနေမှာပေါ့ သူ့လင်ငယ်နှင့်တွေ့ချင်လို့ခေါ်လိုက်တာ အခုတော့လင်ကြီးကဧည့်ခန်းထဲတွင်အခန့်သားဖြင့် ၊ လူမရှိတုန်းခွေးဇာတ်ခင်းခြင်နေသည့်အကောင်တွေပင် စောက်ရှက်ကိုမရှိတာ......
"ဘာကိစ္စလဲ!..."
"မုဏ်းဖျားနေလို့လာကြည့်ပေးတာ...မုဏ်းအခန်းဘယ်မှာလဲလိုက်ပြ"
"ဟဲ့ရိုင်းကြီး...အစ်ကိုမုဏ်းဖျားနေတာနင်မသိဘူးလား"
"ငါ့အကြောင်းမှမဟုတ်တာ..."
ထိုလူဖျားနေလားမဖျားဘူးလားဆိုတာကိုဒီပါတကယ်မသိခြင်းပင် အခုလည်းထိုဆေးကျောင်းသားကောင်နှင့် မိုးတို့အားလမ်းပြလိုက်ခဲ့တော့သည် ၊ အခန်းထဲရောက်တော့မျက်နှာကနီရဲကာ ဆိုဖာပေါ်တွင်ခွေနေသည့်လူ ၊ သရုပ်ဆောင်ချက်က အကယ်ဒမီပင်ပေးလို့ရလောက်သည် ခဗျားဘယ်လောက်အထိသရုပ်ဆောင်နိုင်မလဲကြည့်ရသေးတာပေါ့ မုဏ်းစက်သျှားရယ်..……
"မုဏ်း…ဖျားနေတယ်ဆို…"
"ဟင်!…ရောက်လာပီလား…"
"ကုတင်ပေါ်မှာသက်သောင့်သပ်သာမနေဘူးလားမုဏ်းရယ်…"
"မုဏ်းကရပ……အမေ့!…"
မုဏ်းစကားမဆုံးလိုက်သေးမောင်ဟာမုဏ်းအားပွေ့ချီကာကုတင်ပေါ်ချပေးလိုက်၏ မောင်စိတ်ဆိုးမှာကြောက်၍မုဏ်းဆိုဖာပေါ်တွင်သာလှဲနေခြင်းပင် ၊ အခုကမောင်ကိုယ်တိုင်တင်ပေးသည်ဆိုတော့ အနည်းငယ်တော့စိတ်သက်သာရာရသွားမိသည်။ စိုင်းကတော့ထုံးစံအတိုင်းအဖျားတိုင်း သွေးပေါင်ချိန်ကာ မုဏ်းအားဆေးထိုးပေးနေသည် မောင့်သူငယ်ချင်းတွေကလည်း ကိုယ်စီကိုယ်စီဆိုဖာပေါ်တွင်ထိုင်လို့ပင်……

YOU ARE READING
မောင်ဟုခေါ်သည်
Romanceကျုပ်ကခဗျားကိုနှိတ်ဆက်ချင်လို့ယူထားတာ ကျွန်တော့်စိတ်တိုင်းကျခဗျားကိုချယ်လယ်ခွင့်ရှိတယ်ခဗျားကျွန်တော့်လက်ကပြေးမလွတ်ဘူး မုဏ်းစက်သျှား