မောင်ဟုခေါ်သည် ❤️
by Shweyee ❤️
Uni
မျက်နှာမကောင်းစွာဖြင့် အပေါ်သို့တက်သွားသော မုဏ်းစက်သျှား အားကြည့်ကာ ဒီပါမဲ့ပြုံးပြုံးလိုက်မိတော့သည်။ သူပြောလိုက်သည့်စကားတွေက အခိုင်းအစေတစ်ယောက်အားပြောသည့်စကားတွေထက် ပို၍ပင်မာကျောနေသေး ဒါဟာလည်း သူသိပ်လိုချင်နေသည့်အရာပေ အခုလည်မျက်နှာမကောင်းတော့ ဒီပါဟားတိုက်ရယ်ချင်နေတာအမှန်။ သူဘယ်လောက်ကောင်းအောင်ပင်လုပ်လုပ် သူတစ်သတ်လုံးကောင်းလာသည်ဟု မြင်လာမှာမဟုတ်သလို သူ့အပေါ်လည်းဘယ်တော့မှအကောင်းမမြင် ဒါဟာ သူနှင့်လက်ထပ်ရသည့် ဝဋ်ကြွေးပင်။ ဒါကိုခဗျားကောင်းကောင်းကြီးခံလိုက်ပါအုံးမုဏ်းစက်သျှား.......
မောင်ကသူ့အားကျွန်တစ်ယောက်လိုသဘောထားနေခြင်း သို့ပင်မဲ့သခင်အားပြုစုပေးရမည့်ကျွန်တစ်ယောက်လိုမစဉ်းစားဘဲ ခင်ပွန်းအားပြုစုပေးရမည့် အိမ်ရှင်မတစ်ယောက်ဟုသာ ဖြည့်တွေးနေမိသည်။ မောင်ညစာစားဖို့အတွက် ချက်ပြုတ်ပေးရအုံးမည် အိမ်နေရင်းလက်ပြတ်လေးနှင့်ဘောင်းဘီတိုလေးအားဝတ်ကာ မီးဖိုခန်းထဲသို့ ၊ သို့သော်တွေ့လိုက်ရသည့်မြင်ကွင်းက အစပျိုးနေသည့်နှလုံးရောဂါပင် ထဖောက်မတက်......
ဟင်!
ပွစာကျဲနေသည့်ထမင်းနှင့်ဟင်းများ ကွဲကြေကာ အစိတ်စိတ်အမွှာမွှာထွက်နေသည့် ပန်းကန်များ ၊ တစ်ချို့ဟင်းတွေက အတော်ပင်ခြောက်ကပ်နေလေပီ သက်ပြင်းအားအရှည်ကြီးချလိုက်ကာ သန့်ရှင်းရေးလုပ်ရတော့သည် ၊ မောင်ညစာစားဖို့ ချက်ပြုတ်ပီးစီးတော့ မောင်နှင့်အတူတူထမင်းလက်ဆုံစားရန်အတွက် သေသေချာချာခူးခပ်ပြင်ဆင်ကာ ဧည့်ခန်းတွင်ရှိသော မောင့်ဆီသို့......
"မောင်.....ညစာစားလို့ရပီ"
"Omm..."
ဒီပါတစ်ယောက် ထမင်းစားဝိုင်းအတွင်းသို့ဝင်လိုက်တော့ သူအရမ်းမုန်းသည့် အသီးအရွက်ကြော်နဲ့ ကျန်ရှိသည့်ဟင်းများ ၊ အသီးအရွက်ကြော်ပန်းကန်အားယူကာ အမှိုက်ထဲသို့ ၊ ဟိုလူကတော့သူလုပ်သမျှကိုတစ်ချက်မပြော ထမင်းစားဝိုင်းအတွင်းသို့ပြန်ဝင်ထိုင်လိုက်ပီး.....

YOU ARE READING
မောင်ဟုခေါ်သည်
Romanceကျုပ်ကခဗျားကိုနှိတ်ဆက်ချင်လို့ယူထားတာ ကျွန်တော့်စိတ်တိုင်းကျခဗျားကိုချယ်လယ်ခွင့်ရှိတယ်ခဗျားကျွန်တော့်လက်ကပြေးမလွတ်ဘူး မုဏ်းစက်သျှား