မဟန်လေးသို့ အသိပေးစာ
အစ်မကို ph/tele တစ်ခြားဘယ်လိုမှ
ဆက်သွယ်မရလို့ ဒီကပဲ မေတ္တရပ်ခံပါရစေ။
ပုံနှိပ်ထားပြှီးသား Dollyစာအုပ်များကို
ပုံနှိပ်တိုက်မှ သွားယူပြီး ဝယ်ယူသူလက်ထဲdeliအပ်ပေးပါရန်
နှင့်ကျန်ရှိတဲ့အုပ်ရေကိုထပ်ရိုက်ပြီးတစ်အုပ်မကျန်ပို့ပေးပါရန်။ကျမစာရေးသူသည် dollyစာအုပ်ကိုပုံနှိပ်ပေးဖို့တာဝန်ရှိသူ မဟန်လေးနှင့်လူမှူရေးအရ ခင်မင်ခဲ့ပါသည်။ သူမ သည် (တလရ)လုပ်နေသူဖြစ်ပြီး ကိုယ်တိုင်ဆန္ဒပြနေသူဖြစ်သလိုသူမ သူငယ်ချင်းတလရအဖွဲ့များအားလှူဒါန်းနေသူဖြစ်သောကြောင့် သူမနှင့်စာအုပ်ထုတ်ရင်ပါဝင်ကူညီရာရောက်ခဲ့သလို သူမအခက်အခဲဖြစ်နေချိန်ပြဿနာ
ကိုအကူအညီရလိုရငြားစိတ်ဖြင့် သူမ ကမ်းလှမ်းတဲ့အတိုင်း စာရေးသူ၏ page /ph. noတို့ဖြင့်ကောက်ခံပေးခဲ့ပါသည်။pageကိုလက်လွှဲခဲ့ပြီးစာမူခငွေကိုပင်သူမမှ စာရေးသူအားအကြေမရခဲ့သည့်တိုင် စာရေးသူ၏ငွေကျပ်(40000)ကိုပင် ကိစ္စအရေးကြီးသည်ဟုဆိုကာချေးခဲ့၍ကူညီပေးခဲ့ပါသည်။
စာရေးသူမှ သူမအား စာအုပ်ကို အမြန်ပို့ပေးဖို့ ဖုန်းဆက်/စာပို့နေ့စဥ်နီးပါးပြောခဲ့ပါသည်။ရှေ့လမှ စာရေးသူအား ဖုန်းဖြင့် ပုံနှိပ်တိုက်မှစာရွက်စျေးတွေတက်ပါသောကြောင့် အဆင်မပြေဘူးဟုဆိုကာCancleမလား/စာရွက်အသားပြောင်းလို့ရမလား၊ စာအုပ်တိုက်က ငွေပြန်အမ်းရမလားဟု မေးလာပါသည်မို့ စာရေးသူက စာအုပ်ကို ပုံနှိပ်တိုက်ပို့ထားသည်မှာ ကြာပြီဖြစ်သောကြောင့် ကောက်ခံခဲ့သည့်စျေးနှင့် လက်ရှိတက်နေသည့်စျေးမှာ မသက်ဆိုင်ပေမယ့် ကျန်နေတဲ့ စာမူခအကုန်အပြင် ချေးထားတဲ့ငွေပါ ပြန်မပေးပဲ ပုံနှိပ်တာအရင်တိုင်းနှင့်အဆင်ပြေပြီး ကလေးတွေ လက်ထဲ အမြန် ရောက်ရင်ရပါပြီဟု ပြောခဲ့ပါသည်။နောက်ရက် သူ CC တွေခေါ်နေပြီပြော၍ကူခေါ်ပေးရမလားဟုမေးတော့ ညီမလေး တစ်ယောက် ကူခေါ်နေပါသည်ဟုပြောပါသည်။စာရေးသူလည်း fb/socialလုံးရပ်နားခဲ့သလို စာအုပ် သူ့ဘက်ကပို့ပြီးတာနဲ့ wp/fbအကုန်ဖျက်ပြီး ဒီလောက ကနေထွက်တော့မည်ဟုပြောထားတာမို့ စိတ်အေးရပြီ အထင်နဲ့ Social မသုံးခဲ့ပါ။နောက်တော့ သူ့ကို ဖုန်းထပ်ဆက်မေးပြီး ကလေးတွေကို ပို့ပေးပြီးပြီလားဟု မေးတော့ သူဖုန်းပျက်သွားလို့ cc တစ်ဖြတ်ပဲခေါ်လိုက်ရတယ်။
Page ကိုလည်း ဝင်မရသေးလို့ အကောင့်သစ်ဖောက်ပြီးမှ ဝင်ပြီးပို့စ်တင်လိုက်မယ်ဟုပြော၍ စောင့်နေခဲ့ပါသည်။ဖုန်းဆက်ဖို့ပြောလည်းဖုန်းပျက်နေ၍ အကြောင်း အမျိုးမျိုး ပြခဲ့ပါသည်။ပုံနှိပ်တိုက်မှနေပုံနှိပ် ထားပြီးသား စာအုပ်တွေ လာယူဖို့ သူ့ကိုဆက်သွယ်သည်ဟုသတင်းကြား၍ သူ့ကိုမေးတော့ ဒီတစ်ရက်နှစ်ရက်သွားယူပြီး တစ်ဖြတ်ကို ဒလီအပ်ပေးပါမည်။ ကျန်တာတွေလည်းအချိန်လေး အနည်းငယ် ကြာရုံကလွဲ၍ တစ်အုပ်မကျန်ပို့ပေးပါမည်ဟုဆို၍ စောင့်နေခြင်းဖြစ်သောကြောင့် မဟန်လေး ရှင့် ကျမရဲ့ယုံကြည်မှုကိုလူတစ်ယောက်အပေါ်အကောင်းဆုံးတွေးပေးမှုကို တစ်ခြားလူထက်အစ်မ ပိုသိမှာပါ။ ဒါကြောင့် ပုံနှိပ်တိုက်ကစာအုပ်တွေသွားယူပြီးပို့ပေးစေချင်သလိုအစ်မပြောသလို တစ်အုပ်မကျန်ပို့ပေးဖို့ မေတ္တာရပ်ခံပါတယ်
ရှင့်။ပုံနိတိုက်ကလည်းစာအု ပ်လာယူဖို့အစ်မကိုဆက်သွယ်နေတယ်လို့ကြားပါတယ်။ အစ်မကတိအတိုင်းယူပြီး ကလေးတွေလက်ထဲတစ်အုပ်မကျန်ပို့ပေးပါမယ်ဆိုတဲ့အတိုင်း မျှော်လင့်မိပါတယ်။
မြား အတွက်ကတော့ သက်ဆိုင်ရာ zuri page adminကဖြေရှင်းပါမယ်လို့ ပြောပါတယ်ရှင့်။အစ်မကလည်းမင်းတို့လိုပဲ သူတို့စာအုပ်ပို့ပေးဖို့ကို မျှော်လင့်နေရတာမို့ အားလုံးကိုတောင်းပန်ပါတယ်။အစ်မညံ့ဖျင်းမှုမို့ကျေနပ်သလို ေပြာနိုင်ပါတယ်။
