If we never met : Eight

Magsimula sa umpisa
                                    

"ကျွန်တော့်ကိုရွဲ့နေတာလား ဂျောင်ဂျယ်ဟျွန်း"

အသံနည်းနည်းမာလာပြီဖြစ်တဲ့ ယုံးငယ်ကို သူဘယ်လိုပြန်ဖြေရမလဲမသိဘူး။

ယုံးငယ်ကိုပြန်ပြောသမျှ သူ့စကားတွေက ဘယ်လိုကြောင့် အဆင်မပြေ၊ အကန်တွေပဲဖြစ်နေရသလဲလည်း သူနားမလည်ဘူး။

"ကျွန်တော်မရွဲ့ပါဘူး ကျွန်တော်ပြောသမျှက အမှန်တွေချည်းပဲ"

"ငါနားမလည်ဘူး မောင် မင်းဘာဖြစ်နေတာလဲ ဘာဖြစ်ချင်နေတာလဲ"

ကျွန်တော်ကို ကျွန်တော်တောင်မသိတော့ဘူး ယုံးငယ်။

ယုံးငယ်ကိုတွေ့ချင်လွန်းလို့ ချိုးနှိမ်ထားရတဲ့စိတ်တွေကို ဖျက်ပစ်ပြီး ကျွန်တော်ဒီနေရာကို လာခဲ့တာ။

အခုကျွန်တော်က ယုံးငယ်ကို မတွေ့ချင်တော့ပြန်ဘူး ဖြစ်နေတယ်။

ဘယ်လိုကြောင့်များလဲ..။

"မောင်. ."

"ကျွန်တော်တို့ရပ်ကြမလား ရေရေရာရာမရှိတဲ့ ကျွန်တော်တို့ရဲ့ ကစားပွဲ ဇာတ်လမ်းကို ရပ်လိုက်ကြမလား"

ဒီစကား. .ဒီလိုစကားတွေက သူ့နှုတ်ကနေ ယုံးငယ်အရင် ထွက်သွားလိမ့်မယ်၊ သူ့ဘက်ကစပြောလိမ့်မယ်လို့ အိပ်မက်ထဲတောင် ထည့်မမက်ခဲ့ဖူးဘူး။

"ကျစ်!"

စိတ်ရှုပ်သလို စုတ်သပ်ပစ်တဲ့ယုံးငယ်။

သပ်သပ်ရပ်ရပ် ဖြီးတင်ထားသော ဆံသားနက်နက်တို့ကို ဆွဲဖွပစ်တာက သူသိပ်စိတ်ရှုပ်သွားကြောင်း သက်သေ။

"တကယ်မင်းဘာဖြစ်နေတာလဲ မင်းစိတ်ဆိုးရအောင် ငါဘာလုပ်မိသလဲမောင်"

စိတ်မရှည်တော့တဲ့လေသံပေမဲ့ ခပ်အေးအေး။

ယုံးငယ်ကစိတ်ရှည်တတ်တဲ့ လူသားလေးမဟုတ်။

ယုံးငယ်က အခုကို တော်တော်စိတ်လျော့ထားကြောင်း သူသိနေတယ်။

"ကျွန်တော်ဖြစ်ချင်တာက ဘာမှန်းမသိတဲ့ ဇာတ်လမ်းကို ရပ်မယ်"

"နောက်ပြီး မင်းက မင်းသဘောကျတဲ့ ဂျင်အာလေးနဲ့ ခမ်းခမ်းနားနားမင်္ဂလာပွဲကို ကျင်းပ"

If we never metTahanan ng mga kuwento. Tumuklas ngayon