EPISODE (24)

8.9K 936 22
                                    

ဒီနေ့ညမှာတော့10k view ပြည့်ပါပြီ!!

Unicode
စစ်ဆေးခြင်း

စစ်သူကြီးနှစ်ယောက်သည် အရှင်ကတော့အရင်လိုဘဲ တဇွတ်ထိုးလုပ်ပြန်ပြီ ဟုသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။ ဤစစ်သူကြီးနှစ်‌ ယောက်သည်အရှင်မြတ် အိမ်ရှေ့စံဘ၀တည်းကပင်ခစားခဲ့သူများဖြစ်သဖြင့်ဤအရှင်သခင်၏ကောင်းကွက်ဆိုးကွက်များကို သိသူများဟုယူဆနိုင်သည်။

"အရှင်ကတော့ ကိုယ့်ကိုယ်ကိုယုံကြည်လွန်းပါတယ်ဗျာ။"
စစ်သူကြီးရဲသူကမချင့်မရဲဖြစ်စွာပြောလိုက်သည်။မိမိသည်ဤအရှင်သခင်၏သွေးသစ္စာတော်ခံသည့် ကျေးတော်မျိုး၊ကျွန်တော်မျိုးဖြစ်သည့်အပြင်ငယ်ဘ၀က ကစားဖော်လည်းဖြစ်သည့်အတွက် အင်မတန်မှ စိုးရမ်သလို အင်မတန်မှလည်းရိုသေစိတ်ရှိလှသည်။

တစ်ဖက်မှစစ်သူကြီးရဲဟန်ကမူ အရှင်သခင်၏မင်းသားငယ်ဘ၀တွင် တောအုပ်ထဲမှ ကယ်တင်ခြင်းခံခဲ့ရပြီးအရှင်သခင်၏အပါးတွင်သစ္စာရှိစွာခစားနေခြင်းဖြစ်သည်။

"အိမ်း...အရှင့်ကိုသာတစ်ခုခုထိခိုက်စေရင်တော့ ဒင်းတို့ အမှောင်လောကတစ်ခုလုံးကိုစစ်ခင်းပစ်မယ်။"

ရဲသူသည် ကြုံးဝါးလိုက်သူစစ်သူကြီးကိုအားရစွာကြည့်ကာ ခေါင်းငြိတ်လိုက်လေသည်။ထိုစဉ် တစ်ဖက်အခန်းတွင်းမှ ဧကရာဇ်သည် တစ်ဟားဟားရယ်မောကာထွက်လာပြီး မိစ္ဆာနှစ်ကောင်သည်လည်းနောက်မှလိုက်ပါလာလေသည်။စစ်သူကြီးနှစ်ယောက်သည်ရယ်မောနေသော အရှင့်အားကြည့်ကာ တစ်ခုခုတော့ အကျိုးမြတ်ရခဲ့လေပြီဖြစ်ကြောင်းသိလိုက်ကြသည်။၎င်းတို့ ဧကရာဇ်ရယ်မောသည်မှာရှားပါးလှပြီး အချို့သောအကျိုးအမြတ်ရသည့်ကိစ္စများမှလွဲရင် စိတ်ပျော်ရွှင်သည်ဟူကရှားလေသည်။

"ရဲသူ...ဒီ နှစ်ယောက်ကို ဧည့်သည်တော်ခန်းမဆောင်ကိုပို့ဆောင်လိုက်"

"ဒါပေမယ့် အရှင် သူတို့က....သူတို့ကမိစ္ဆာတွေလေ..နန်းတွင်းက အနောက်နန်းဆောင်ထဲကမိန်းမငယ်တွေကလေးတွေနဲ့ ပါဘုရား!"

"အိုးဟို ရှင်က သိပ်စိုးရိမ်တတ်တာဘဲ။"
မိန်းမငယ်တစ်ဦး၏အသံကထွက်ပေါ်လာလေသည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now