Unicode
~~~~~~~ကလေးငယ်လေးရဲ့အော်ငိုသံက နားစည်ကွဲလုမတတ်ဆူညံလို့နေသည် ။ ကုကုလေးက သူ့ရဲ့ကစားစရာအရုပ်တွေနဲ့ ကလေးလေးကိုချော့မြှူနေပေမဲ့ ကလေးလေးက သူ့ဖခင်ကိုသာ တမ်းတမ်းတတအော်ခေါ်ကာ ငိုနေတော့သည် ။
" ပါပါး … ပါပါး … အူးဝါး … အီးးး ဟီး ဟီး "
မုဒြာဈေးသွားနေ၍ အခန်းမှာ ဧကရာဇ်နဲ့ကုကုလေးသာကျန်နေခဲ့သည် ။ ကလေးကငိုလွန်း၍ ဧကရာဇ်လဲ ဆက်ကြည့်မနေနိုင်တော့ပဲ ကြမ်းပြင်ပေါ်မှာချထားတဲ့ကလေးငယ်ကို ပွေ့ချီလိုက်ကာ သူကစိတ်မရှည်စွာ ပြောလိုက်သည် ။
" မင်းကယောက်ျားလေးမဟုတ်ဘူးလား … ဘာလို့အာပြဲကြီးနဲ့အော်ငိုနေတာလဲ "
" အဟင့် … အူးဝါး "
ကလေးကပို၍တောင် အော်ငိုလာသည် ။ ထိုအခါ ကုကုလေးက ဧကရာဇ်လက်ကို လှမ်းဆွဲလာပြီး …
" ဦးဦး … ငယ်လေးကိုအော်ရဘူးလေ … ငယ်လေးက ဦးဦးကိုကြောက်နေပြီ "
" ဦးက မအော်ပါဘူးကွာ … သူကသာအော်ပြီးငိုနေတာ "
" ငယ်လေးက နို့နို့ဆာလိုထင်တယ် … သားပါပါးပြန်လာပြီလား ကြည့်လိုက်ဦးမယ် … ဦးဦးချော့ထားနော် "
" အေးပါကွာ "
ကုကုလေးက ပြတင်းပေါက်ဆီသွားပြီး သူ့ပါပါးပြန်လာပြီလာမျှော်ကြည့်နေသည် ။
ဧကရာဇ်တစ်ယောက်ကတော့ သားအရင်းဖြစ်သူကို မထိန်းရပဲ သူအမြင်ကပ်တဲ့လူရဲ့ ကလေးကိုမှ ထိန်းပေးနေရ၍ စိတ်ဆိုးမန်ဆိုးနဲ့ တစ်ယောက်ထည်းစကားတွေတတွတ်တွတ်ပြောနေသည် ။ ခနကြာတော့ မုဒြာပြန်ရောက်လာသည် ။ ငိုနေတဲ့ကလေးနဲ့ မျက်နှာကြီးမဲမှောင်နေတဲ့ ဧကရာဇ်ကိုမြင်တော့ အလောတကြီးပြေးဝင်လာကာ ကလေးကိုပွေ့ချီလိုက်သည် ။
" ကလေးက ဘာလို့ ဒီလောက်တောင်ငိုနေရတာလဲ "
" မသိဘူးလေ … သူငိုနေလို့လဲ ကိုယ်ကချီပေးထားရသေး ကိုယ့်လက်ပေါ်တောင် ရှူးပေါက်ချလိုက်သေးတယ် … ဒီအသေးလေးက ကိုယ့်ကိုတမင်တကာမကျေနပ်ချက်တွေနဲ့လုပ်နေသလားထင်ရတယ် "

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...