What's wrong with you, Kang?

1.5K 75 1
                                    

"ဟောဟဲ ဟောဟဲ မောလိုက်တာ.."

ဂျန်းနီတယောက် ပြေးနေသည်မှာ ဘယ်နိုင်ငံအထိတောင် ရောက်သွားပါလိမ့်။ တောင်ကိုရီးယားကနေ အခုဆို အင်္ဂလန်ဘုရင်မကြီးဖြစ်သည့် Adele နေတဲ့အထိပါရောက်လာခဲ့ပြီ။

"တော်ပြီ နားတော့မယ်"

"အဲ့လိုမရဘူးလေ ဂျန်းနီ။ ရှင်ပြေးနေတာ သုံးမိနစ်‌တောင်မပြည့်သေးဘူး"

ဂျန်းနီက အပြေးစက်ပေါ်ကနေဆင်းပြီး နီးရာဆိုဖာခုံကြီးပေါ် ခြေပစ်လက်ပစ်အရင်လှဲချသည်။ စကားပြန်မပြောနိုင်‌သေးသည့်အခြေအနေမို့ သူမအရှေ့ကအမျိုးသမီးကို 'ခနနေအုန်း' သဘောမျိုးဖြင့် လက်ကာပြသည်။ ဒါကို ထိုအမျိုးသမီးက မရေလည်ပဲ ဆက်ပြောသည်။

"နိုင်ငံတွေ မြို့တွေနဲ့ slideshow ပြထားတဲ့ LED ကြီးကိုနောက်ခံထားပြီး ပြေးချင်တယ်ဆိုရင်လည်း အနည်းဆုံးတော့ ငါးမိနစ်ဖြစ်ဖြစ်ပြေးကြည့်ပါလား နိုင်ငံတွေစုံသွားအောင်လို့လေ"

ထိုအမျိုးသမီးက LED ကြီးကို ရီမုနဲ့ပိတ်လိုက်ပြီး ဂျန်းနီလှဲနေတဲ့ဆိုဖာနား ဆောင့်ကြောင့်လေးထိုင်လိုက်သည်။ ဂျန်းနီကတော့ ‌မောဟိုက်စွာနဲ့ သက်ပြင်းတချက်ချပြီး

"ဒီမယ်! ဆန်နီလား ဆိုနီလားတော့မသိဘူး ငါမင်းကိုခေါ်ထားတယ်ဆိုတာ ငါဘာလုပ်လုပ်ကောင်းပါတယ်ဆိုတဲ့ ကျန်းမာရေးအကြံပေးနော်။ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါလို့တော့ လာမခိုင်းနဲ့ .. ဗီဇာမလိုဘဲ အိမ်ပြန်ရောက်သွားမယ်"

ထိုအမျိုးသမီးဟာ ဂျန်းနီရဲ့ခပ်ရင့်ရင့်စကားတွေကို ဗွေမယူဘဲ ခပ်ပြုံးပြုံးနဲ့ပင်..

"အမှန်တော့ ကျွန်မနာမည်က ဆိုလာပါ။ အခုဟာကလည်း ကျွန်မက ရှင့်ရဲ့ကျန်းမာရေးအကြံပေးမလို့ ပြောနေတာပေါ့။ ရှင် သက်လုံကောင်းနေဖို့လိုတယ်လေ"

ဆိုလာရဲ့စကားကြောင့် ဂျန်းနီတယောက် ခေါင်းထောင်စပြုလာလေသည်။ ခန္ဓာကိုယ်တခုလုံးကိုအသုံးမပြုဘဲ ထိုခေါင်းထောင်လျက်နဲ့ပင် ဆိုလာ့ကိုပြန်မေးသည်။

"ဘာအတွက်လဲ!?"

"အော် သိတယ်မလား . . ရှင်က ထိပ်တန်းသူဌေးတယောက်ပဲ အလုပ်တွေလုပ်ရတယ်လေ အဲ့အတွက်လည်းလိုအပ်သလို ဟို.. ရှင်အိမ်ထောင်ပြု ဘာညာ ဟိုကိစ္စ ဒီကိစ္စတွေအတွက်လည်းပါတာပေါ့.."

Dating With Fussy Jane Where stories live. Discover now