ကားပေါ်ဆင်းလာကတည်းက ကိုကို့ရဲ့မျက်နှာသိပ်မကောင်းတာဂျောင်ကုသိတာပေါ့။ဘာကြောင့်လဲဆိုတာလည်း သိသည်။ဒါမဲ့ ဂျောင်ကုက ဒီလိုအရည်မရအဖက်မရတွေကို အာရုံမစိုက်ချင်။ဘာဖြစ်လဲ အားလုံးသိတော့ ဘာကိုကြောက်နေရမှာလဲ။အရှိ ရှိတိုင်းပဲ ကိုကိုနဲ့သူတွဲမှာဖြစ်သလို ကိုကို့ကိုလည်း အထိခိုက်ခံမည်မဟုတ်။

ဒါကြောင့်လည်း စိတ်ပူနေတဲ့သူရဲ့ လက်တစ်ဖက်ကို လွတ်နေတဲ့လက်သွယ်လေးတွေဖြင့် ကျစ်နေအောင်ဆုတ်ကိုင်ပြကာ ကိုကို့မျက်ဝန်းတွေရှေ့ ဆွဲယူလိုက်ရင်း...

"စိုးရိမ်တတ်လိုက်တာ အရမ်းပဲ ~ ဒီမှာ ဒီလက်ကိုပဲ ဖမ်းဆုတ်ထားပေးရင် အားလုံးအဆင်ပြေတယ် ~ ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက်ဘူး ~"

ပြောချင်ရာပြောပြီး ပူတူးလက်ဆွဲရာနောက် ယောင်တောင်တောင်လေးပါသွားတဲ့ ထယ်ယောင်းမှာ စိတ်ထဲကြည်နူးမိသလို ချမ်းအေးနေတဲ့ ဆောင်းဟေမန်မျာ ရင်ဘက်ထဲ အနွေးလှိုင်းလေး တိုးဝေ့လာသလည့်အတိုင်း နွေးထွေးသွားသည်။ပူတူးလက်သွယ်နုနုတွေကြား ယှက်နွယ်နေတဲ့ သူ့လက်သူ‌ငေးစိုက်ကြိုက်ကြည့်ရင် နူးနူးညံ့ညံ့ပြုံးမိလိုက်သည်။ဟုတ်တယ် ထယ်ယောင်းကြည့်ရမှာ ဒီလက်တစ်စုံမြဲဖို့ပဲ။ပတ်ဝန်းကျင်ကိုဂရုစိုက်ဖို့မှမဟုတ်တာ။သူတို့လိုလားလား မလားလား ထယ်ယောင်းအတွက်အရေးမပါဘူး။ပူတူးက လွဲပြီးပေါ့ !

"ဟယ် တွဲသွားကြပြီတော် !"

တျဖက်ဖျက် ကင်မရာရိုက်သံနဲ့ စကားသံတိုစတိုးအချို့က လက်ချင်းတွဲကာ ကျောင်းထဲဝင်သွားသော စုံတွဲကြောင့် ပိုဆူညံလာသည်။တချို့မျက်ဝန်းတွေက ရှုံ့ချနေကြသော်လည်း အချို့ဝှက်ကတော့ ရယ်မြူးရိပ်အပြည့်ပင်။အားကျသလို အသံပေါင်းစုံကလည်း ကောင်မလေးအများစုဆီမှ ထွက်ကြလာသည်။

"ကျုပ်ပြောသားပဲ ကမရယ် ! ညည်းရှတော့မှာပါလို့ ! အဟွန်း !"

"အမလေး ဒါမျိုးက ရှပစေတော် ! ဟိုအစစ်မနဲ့ မပါရင်ပြီးရော !"

"ငါ ဒီအတွဲကိုချစ်လို့သေတော့မှာပဲ ! ကြည့်အုံး sugar babyလေးနဲ့ လူရိုးကြီးနဲ့ !"

Love = Love ( Taekook ) ( Completed )Onde histórias criam vida. Descubra agora