Never (ဘယ်တော့မှ) - Special Part (Zawgyi)

Start from the beginning
                                    

အခု မိန်ကျားရွာကနေ Neverလေးရယ် ရိပေါ်ရယ်ကို ပြန်ခေါ်လိုက်ပြီး ရှောင်းအိမ်တော်မှာ Neverလေးကို ထားခဲ့ပြီး အခုအိမ်အသစ်ကို လာပြတော့ ရိပေါ် က

" အချစ် ကျွန်တော်က စကားအဖြစ် စိတ်ကူးနဲ့လျောက်ပြောတာကို တကယ်ကြီး အကောင်အထည်ဖော် ပေးတာလား"

"အင်း မင်းစိတ်ကူးရော ငါ့စိတ်ကူးရော ထည့်ပြီး ဆောက်ထားတာလေ အောက်ထပ်ကတော့ မင်းပြောသလို အခန်း၃ခန်းအစား အကြီးကြီး တစ်ခန်းပဲ လုပ်ထားတယ် အထဲပိုင်းတော့ မင်းစိတ်တိုင်းကျ ပြင်ဖို့ ငါ ပစ္စည်းတွေ မထည့်ရသေးဘူး မင်းစိတ်တိုင်းကျ အခန်းDecoration လုပ် ဟုတ်ပြီလား"

ပြီးတော့ အပေါ်ထပ် မတက်ခင်

"ရော့"

"ဘာလေးတုန်း ဖွင့်ကြည့်လေ"

ရိပေါ် ဖွင့်ကြည့်လိုက်တော့ အရင် ရိပေါ် ရှောင်းကျန့်ကို ပေးခဲ့ဖူးတဲ့ လက်အိတ်အနီရောင်လေးပါ

" ရိပေါ် ငါ့ ကြောင့် စွန့်လွှတ်လိုက်တဲ့ လက်ဝှေ့ကို ငါ့အတွက်နဲ့ပဲ ပြန်ထိုးပေးပါလား မင်းရဲ့ အဓိက ပန်းတိုင်ကို ရောက်ဖို့ ငါဘေးကနေ မင်းရဲ့ Exclusive Trianer ဖြစ်ပေးပါ့မယ် လက်ဝှေ့ပြန်ထိုးဖို့ အချိန်ကျပြီ ပြန်လာခဲ့ပါ Leo G "

" Train ပေးတဲ့သူက ကျန့်ကော ဖြစ်နေသမျှ ကာလပတ်လုံး ကျွန်တော် လက်ဝှေ့ထိုးနေဦးမှာလို့ ပြောခဲ့တာ မေ့သွားပြီလား"

"မမေ့ပါဘူး မင်းကို အရင်လို လက်ဝှေ့ပြန်ထိုးစေချင်တယ် လက်ဝှေ့လောကထဲကို LeoG ဆိုပြီး ငါနဲ့တွေ့တုန်းကလို FacePaintလေးနဲ့ပဲ ပြန်ထိုးပြီး ချန်ပီယံဆုကို ယူကြမယ်လေ"

"အင်း"

ရိပေါ်ကလည်း လိုလိုလားလားနဲ့ လက်ဝှေ့ပြန်ထိုးမယ်ဆိုလို့ Training Room လုပ်ထားတဲ့အပေါ်ထပ်ကို ခေါ်ခဲ့လိုက်တာ

"ဒီအပေါ်ထပ်က ပိုကျယ်လို့ ငါ မင်းလေ့ကျင့်တဲ့အခါ ပိုလေ့ကျင့်လို့ကောင်းအောင် တကယ့် ပြိုင်ပွဲတုန်းကလို ပြင်ထားပေးတယ်"

လိုက်ပြရင်းနဲ့ နှစ်ယောက်အတူတူ လက်ဝှေ့ကွင်းထဲ ပြန်ဝင်မိတဲ့အခါ စတွေ့ခါစ အချိန်ကို အမှတ်ရမိတာမို့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ရီမိတယ်

NeverWhere stories live. Discover now