*မောင်*
ဒီနာမ်စားကို ရင်ထဲကပဲ တိတ်တိတ်လေးခေါ်ရဲတယ် ... အပြင်မှာ မောင့်ကို "မောင်" လို့မခေါ်ရဲဘူး ...
ဘာလို့လဲဆို မောင်က ကိုယ်ပိုင်တဲ့သူမဟုတ်လို့ပဲ....
အဲ့ဒါကြောင့် သူများရဲ့လူဖြစ်သွားမှာ အရမ်းကြောက်နေမိတယ်...
စိတ်တွေချုပ်တည်းထားရက်နဲ့ ပိုပိုပြီးသဘောကျလာမိတဲ့ မောင့်ကို တခြားသူဆီမပေးချင်ဘူး...
အတ္တကြီးတယ်ပဲဆိုဆို မောင် သာ တခြားတစ်ယောက်ကို သဘောကျကြည့်... ယောင်္ကျား မာယာ သုံးပြီး မရရအောင် ခိုးပြေးပစ်မယ် ..
____________________________________
"Junkyu~~~~"
Junkyu စာအုပ်ပုံထဲခေါင်းနှစ်နေရာကနေ မောင့် ခေါ်သံကြားလို့ ခေါင်းထောင်ကြည့်လိုက်သည်...
"Ruto... ဘယ်လိုဖြစ်လို့ရောက်လာတာ?"
"ဘယ်လိုဖြစ်ရမှာတုန်း .. Junkyu က အဖက်မလုပ်ပဲ ပစ်ထားလို့ အိမ်တိုင်ရာရောက်လိုက်လာရတာလေ"
"အယ်"
Junkyu အနီးနားက ဖုန်းကို ယူကြည့်လိုက်တော့ Missed call 7 ခါနဲ့ Messanger မှာ စာ ၂၅ စောင် မောင့် ဆီက ဝင်ထားလေသည်...
"အာ... Sry ruto .. Noti သံမကြားလို့... hyung စာလုပ်နေတာနဲ့ ဖုန်းကို silent လုပ်ထားလိုက်တာ... "
မောင်က Junkyu အနား လျှောက်လာပြီး ထိုင်ခုံကို သူ့ဘက်ဆွဲလှည့်ကာ တက်ထားတဲ့ မျက်မှန်ကို ဆွဲချွတ်လိုက်သည်..
"Junkyu က မျက်မှန်နဲ့မလိုက်ဘူး... မျက်လုံးလေးက လှရဲ့သားနဲ့ မျက်မှန်ကြီးတက်နေတာ.. Junkyu အလှပျက်တယ်"
Junkyu ကျေကျေနပ်နပ် ပြုံးမိသည်... မောင် က မျက်လုံးလှတဲ့ လူကို ကြိုက်တဲ့သူမို့ မောင့်အတွက် မျက်လုံးလှတဲ့သူတစ်ယောက်ဖြစ်ရတာ ပျော်သည်...
"စာလုပ်တဲ့အချိန်မှ တက်တာပါ... မဟုတ်ရင် မျက်လုံးကိုက်တယ်လေ... ထားပါတော့ ... ခုက ဘာလုပ်ချင်လို့ ရောက်လာတာလဲ"
"ဟော .. နှင်ထုတ်ချင်နေတာလား"
Junkyu မောင့်ကို မျက်မှောင်ကြုံ့ပြီး ပြန်ကြည့်လိုက်ရင်း...
VOUS LISEZ
Love Love Love
Fanfictionအတ္တကြီးတယ်ပဲဆိုဆို မောင် သာ တခြားတစ်ယောက်ကို သဘောကျကြည့်... ယောင်္ကျား မာယာ သုံးပြီး မရရအောင် ခိုးပြေးပစ်မယ် ..