Part 13 (The Dream Is )

Začít od začátku
                                    

လီလျှိကွမ်းရဲ့စကားမဆုံးခင် ရှောင်းကျန့်ကထိုလူကို လေးစားသောအကြည့်များဖြစ်ကြည့်လိုက်သည်။

ငါလူရွေးမမှားခဲ့ဘူး။

သူ့မှာတွေးလို့တောင်မပြီးသေး လီလျှိကွမ်းက နောက်ဆက်တွဲဖြစ် စကားဆက်လိုက်သည်။

" ဒါမဲ့အရင်ကဆိုBossက ဂိမ်းထိုင်ဆော့နေတတ်တယ်။ မျက်နှာကလည်းတည်နေပြီး တစ်ခါတစ်လေဆူပုပ်ပုပ်နဲ့ ဒေါသထွက်နေတဲ့၃နှစ်သားလေးလိုပဲ့ "

ဟမ်? သုံးနှစ်သား....မင်းပဲ့သုံးနှစ်သား မင်းတစ်အိမ်လုံးသာ သုံးနှစ်သား။ ရှောင်းကျန့် ဆက်ပြီးမပြောချင်တော့တာကြောင့် သူ့ခုဏကထိုင်နေသည့် ခုံမှာသာဆောင့်ဆောင့်အောင့်အောင့်နဲ့ သွားထိုင်လိုက်သည်။

အဲ့ဒီဝမ်ရိပေါ်ဘာတွေပြောစရာများလို့ ဒီလောက်ကြာနေရတာလဲ။

ထိုအချိန်တံခါးပွင့်သွားပြီး ဟိုင်မေ့မေ့ ထွက်လာခဲ့သည်။ ရှောင်းကျန့်က သူ့အကြောင်းကို မေ့မေ့ကိုပြောပြရမလားတွေးလိုက်သည်။ ဒါမဲ့သူထင်ထားသလိုမဟုတ်ပဲ ဟိုင်မေ့မေ့က သူတစ်ခါမှမမြင်ဖူးသည့် မျက်နှာအနေအထားနဲ့သူ့ကိုကြည့်လာခဲ့သည်။

သူ့ပုံကတစ်ခုခုကို အငြိုးကြီးကြီးနဲ့ ကြည့်နေသလိုပဲ့။ ရှောင်းကျန့်မှာ နားမလည်နိုင်ပဲ ဖြစ်နေတုန်းဟိုင်မေ့မေ့က ချက်ခြင်းပုံပြောင်းသွားပြီး သူ့ကိုပြုံးပြလာတယ်။ ထို့နောက်...

" ရှင်အရမ်းကံကောင်းတာပဲ့ ဘာဖြစ်ဖြစ်အခုချိန်လောက်ပဲဆိုပေမဲ့... "

" အမ်? "

" အာ...ကျွန်မကိစ္စရှိလို့ ခွင့်ပြုပါအုံး "

ရှောင်းကျန့်မှာငေးကြောင်ကြောင်နဲ့ ကျန်ခဲ့ပြန်သည်။ သူမဘာပြောသွားတာလဲ။

ရုံးခန်းထဲကရိပေါ်မှာ မှန်နဲ့ကာထားသည့်နေရာကနေ အပြင်က ဆိုဖာခုံပေါ်ထိုင်ရင်း အခြားတစ်နေရာကိုစိုက်ကြည့်ပြီး အတွေးများနေတဲ့ ကောင်လေးကိုစိုက်ကြည့်လိုက်သည်။

ဒီသခင်လေးက သူ့ကိုဟိုင်မေ့မေ့ ဒီလောက်ပိုးပန်းနေတာကို မသိတာလား။ မသိချင်ယောင်ဆောင်ထားတာလာ။ ဒီလိုကြောင်တောင်တောင်ရုပ်လေးဆိုတော့ ဟက် တကယ်မသိတာဖြစ်မယ်။

The Dream is...(complete)Kde žijí příběhy. Začni objevovat