အပိုင်း (37)Un Zaw

2.5K 274 62
                                    

" သမီး နင်အကိုဆီကိုလဲ စာလေးဘာလေးပို့လိုက်အုံး ဟိုမှာ မိန်းမများရနေပြီလားမသိဘူး ဖုန်းလဲမဆက် စာလဲမပို့နဲ့

ဒေါ်နန်ဒေဝီတစ်ယောက် အိမ်ထဲမှာချည်ထိုးနေရင်းသားဖြစ်သူ အဆက်အသွယ်မလုပ်တာကြာပြီးဖြစ်တာကြောင့် သမီးဖြစ်သူကို ပြောနေရချင်းဖြစ်သည်။

"အမေကလဲ ကိုဟန်မအားလို့နေမှာပါ

"နင့်အကို အားလဲငါတို့ဆီမဆက်ဘူး ငါတို့ရှိသေးတယ်ဆိုတာ သတိရောရသေးလားမသိဘူး

"မနက်စောစောစီးစီး နားငြီးလိုက်တာအမေရာ

"ဟဲ့ ဘာပြောတယ်

"ဘာမဟုတ်ဘူးလို့

" ကလင် ကလင် !!

" ဖုန်းလာနေတယ် သွားကိုင်လိုက်အုံး

"ဟုတ်

ဟန်သစ္စာ ဖုန်းသွားကိုင်လိုက်ပြီး

" ဟဲလို

" ဘာတွေလုပ်နေတာလဲ

"ကိုဟန် !! မေမေရေ ကိုကိုဖုန်းလာတယ်

ထိုးလက်စချည်ကိုချပြီးတော့  ဖုန်းစီကို အပြေးလာခဲ့လိုက်၏

"ပေးပေး ငါပြောမယ်

" ဟဲလို

"မေမေ နေကောင်းလား

"မင်းမလဲ အခုမှ အ‌မေကိုသတိရတော့တယ်

" အမြဲတမ်းသတိရပါတယ်‌အမေရာ ရွာမှာကဖုန်းမရှိတော့ အမေ့စီကိုမဆက်ဖြစ်တာပါ

" မင်းပြောသမျှပေါ့

"သား သီတင်းကျွတ်ကျ ပြန်လာမယ်ဆိုတာ အမေကိုလှမ်းပြောတာ

"အေးအေး သား အမေစောင့်နေမယ်နော် အစ စအရာရာဂရုစိုက် တစ်ခုခုလိုရင်လဲ အမေတို့ဆီလှမ်းပြောကြားလား

"ဟုတ်အမေ အဲ့တာဆို ဒါဘဲလေ သားကအခုဆေးတွေဝယ်ရင်းလာတာမလို့ အကြာကြီးပြောမရဘူး

"အေးပါ အမေကအသံလေးကြားရရင်ကို  ဝမ်းသာပါပြီး

"ချစ်တယ်အမေ့

ကျသွားတဲ့ ဖုန်းကိုကြည့်ပြီး ဒေါ်နန်းဒေဝီတစ်ယောက် မျက်လုံးကလဲနေ မျက်ရည်တွေပြိုဆင်းလာတော့သည်။

ဒေါင်းWhere stories live. Discover now