Part 34

178 13 1
                                    

' ဝုန်းးး..... ခွမ်းးးး...... '

" မင်း လုပ်ချင်တိုင်း လုပ်နေရအောင် ဒီအိမ်က မင်းအပိုင်မို့လား ငါရဲစခန်းကိုဖုန်းမဆက်ခင်ခုချက်ချင်းထွက်သွားလိုက်..... "

Newလဲ အဒေါ်ရဲ့အိမ်ထဲကို P Aliceရဲ့လူတွေခေါ်လာပြီး အိမ်ထဲရှိသမျှအရာတွေဖျက်ဆီးနေလိုက်တယ်...... သူဒါနဲ့တင်ကျေနပ်နိုင်မှာမဟုတ်ဖူး...... ထပ်လုပ်အုံးမှာ.....

New ဆိုဖာပေါ်ခြေချိတ်ထိုင်လိုက်ပြီး....

" ဟက် ဆက်လိုက်လေ ခများရဲ့ယုတ်မာမှုတွေတစ်ခုမကျန်ပေါ်သွားစေချင်ရင်ပေါ့..... "

" ဟား.... ဘယ်လိုလဲ.... ဘယ်လိုလဲ ပြောစမ်းပါအုံး ထိခိုက်ဒါဏ်ရာမရတာတောင် အထိနာနေပြီလား...... "

Newလဲ အဒေါ့်ကို စိတ်တိုတိုနဲ့ ထိုင်ရာကထပြီး လည်ပင်းကိုညှစ်လိုက်တယ် အဒေါ်ကလဲ လည်ပင်းပေါ်က Newလက်ကို ဆွဲဖယ်တယ်...

" ပြောစမ်း..... ထပ်ပြောစမ်းပါ.... ခများ ကျနော့်ဘဝကိုလာထိန်းချုပ်လို့မရတော့ဘူး ကျနော်က အရင်လို ခများအနိုင်ကျင့်တာမှန်သမျှ လည်စီးခံနေမဲ့သူလဲမဟုတ်တော့ဘူး..... ပြောလေ.... ခများဘာဆက်ပြောအုံးမလဲ..... "

" New အခုလွှတ်လိုက်စမ်း..... "

Singတစ်ယောက် P Alice ဖုန်းဆက်ပြောတာကြောင့် Newအဒေါ်အိမ်ကိုရောက်လာတော့ Newလုပ်ရပ်ကို မြင်တာကြောင့် အပြေးဝင်လာပြီးဆွဲလိုက်တယ်.......

" Sing.... မင်းဘာလို့ငါ့ကိုလာတားနေတာလဲ ငါဒီနေ့အဲ့မိန်းမကြီးကိုအသေသတ်မှာ လွှတ်စမ်း.... "

Newက Singသူ့ကိုချုပ်ထားတာမို့အတင်းရုန်းတယ် Singကလဲ New ရုန်းမရအောင် ထပ်ချုပ်ထားလိုက်တယ် .....

" မင်းသူ့ကိုသတ်လိုက်ရင် ထောင်ကျမှာပေါ့ မင်းဦးနှောက်မရှိဘူးလား မင်းသာထောင်ကျသွားရင် မင်းအမေ နောက်ပြီး P Tay Tawan အားလုံးဒုက္ခရောက်ကုန်လိမ့်မယ် မင်းသိလား..... "

" အခုက ဒီမိန်းမကြီး ရှိနေလို့ ငါချစ်ရတဲ့သူတွေ အန္တရာယ်နဲ့ကြုံနေရတာလေ သူ့ကိုသတ်မှဖြစ်မယ် Sing မင်းမတားနဲ့ ....... "

" Ok.... သူ့ကို သတ်မှရမှာဆို မင်းလက်ကိုသွေးစွန်းမခံဘဲသတ်လို့ရတယ် မင်းစိတ်ကျေနပ်မယ်ဆို ငါကိုယ်တိုင်မင်းရှေ့မှာသတ်ပေးမယ် ငါအားလုံးတာဝန်ယူတယ်ကွာ..... "

Smile And Lose Where stories live. Discover now