Part 33

165 13 1
                                    

" သား လိမ်လိမ်မာမာနေနော် သား Tayပေါ်သိပ်မဆိုးနဲ့..... "

" မေမေကလဲ သားကဘယ်မှာဆိုးနေလို့လဲ..... "

Newလဲ သူ့မေမေစကားကြောင့် မေမေ့ခါးကိုဖက်ပြီးချွဲပြောလိုက်တယ်......

Funnyတစ်ယောက် ကလေးလိုချွဲနေတဲ့သူ့အကိုနားသွားလိုက်ပြီး.....

" P Newwiee ကလဲ ကလေးလဲမဟုတ်တော့ဘူး အန်တီ့ကိုအဲ့လောက်လဲချွဲမနေနဲ့ ကြည့်မကာင်းဘူး.... "

" ဘာဖြစ်လဲ ကိုယ့်အမေကိုချွဲတာပဲ Funny လဲမကျေနပ်ရင် Funnyအမေဆီသွားချွဲပေါ့..... "

Newပြောတော့ Funnyက မျက်နှာကြီးမဲ့ပြပြီး...

" ချွဲစရာလား Funnyက ရင့်ကျက်နေပြီ ကလေးကလားတွေ မလုပ်တတ်ဖူး "

" အမလေး ဖြစ်ရလေ နင့်ကိုနင်များ လူကြီးထင်နေတာလား ပြောပါအုံး... ဟွန်း "

" သား ညီမလေးကို နင်လို့မပြောရဘူးလေ..... ရိုက်ခံရတော့မယ် "

Newလဲ မေမေက သူ့ဗိုက်ခေါက်ကိုလိမ်ဆွဲတာတာကြောင့် နှုတ်ခမ်းထော်ပြီး......

" ဟွန့်..... မေမေကလဲ Funny ကြီးကြီးကျယ်ကျယ်ပြောနေတာကျတော့ အပြစ်မပြောဘဲနဲ့  "

" Funny က အရင်ကလဲ ဒီတိုင်းပဲပြောတယ် ခုလဲ ဒီတိုင်းပဲ ပြောတတ်တယ် ဘာအပြစ်မှ ပြောစရာမရှိဘူး Ok..... "

Funnyနဲ့ New တစ်ယောက်နဲ့တစ်ယောက်နှုတ်ခမ်းတဆူဆူ ရန်ဖြစ်နေကြတာကို မိသားစု အကုန်လုံးက ကြည့်ပြီး သဘောကျနေကြတယ် ......

အကုန်လုံးထဲမှာတော့ Millမပါဘူး ဘာလို့ဆို........

" မောင်..... ဒို့ကိုသတိရနေမယ်မလား ဟင် ဒို့လဲ မောင့်ကိုလွမ်းနေမယ်နော်...... "

" ......... "

" ဒို့ကို သတိရရင် ချက်ချင်းဒို့ဆီလာခဲ့နော် မောင့်တွက်ဆို ဒို့ရင်ခွင်ကအမြဲတမ်းကို welcome ပဲ.....  "

" .......... "

" မောင့်ကိုလွမ်းတဲ့ဒဏ်ကို ဒို့မခံစားနိုင်ရင် ဘန်ကောက်ကိုချက်ချင်းပြန်လာခဲ့မယ်နော် "

" ...... "

Gunလဲ သူ့ဘေးလာထိုင်ပြီး အီစီကလီစကားတွေလာပြောနေတဲ့ P Millကို ဘာမှပြန်မပြောဘဲ လျစ်လျူရှူနေလိုက်တယ်.......

Smile And Lose Where stories live. Discover now