နွေဦး ဒီနေ့အိပ်ယာကနေအစောကြီးနိူးလာခဲ့ပြီး
ပုံမှန်လုပ်နေကျအတိုင်း ကိုယ်လက်သန့်စင်ပြီး ထမင်းအိုးတစ်လုံး ကောက်တည်လိုက်သည်။ မနက်ဖြန်ဆိုဘုရားပွဲရောက်ပြီးမလို့ ရွာဦးကျောင်းကဆွမ်းခံလဲမကြွ စာသင်ကလဲမသွားရဆိုတော့ နေမြင့်မှသာဟင်းချက်ဖို့ တွေးလိုက်၏"ထမင်းအိုးတည်ပြီးတော့နွေဦး ကျောက်ခဲတို့အိမ်ဘက်ထွက်လာခဲ့လိုက်သည်။
ကျောက်ခဲတို့အိမ်ကတော့ နွေဦးနိူးတဲ့အချိန်ကတည်းကအသံပေါင်းစုံကြားနေရသည် ။ ဘာတွေများလုပ်နေကြတာလဲတော့မေးစရာမလို မနက်ဖြန်ဘုရားပွဲလာမဲ့ဧည့်သည်တွေလာရင်ကျွေးမွေးဖို့ ဒေါ်လေးအေးကြည်ချက်ပြုတ်နေတာဖြစ်သည်။
ကျောက်ခဲတို့ခြံထဲရောက်တော့ ဟင်းနံ့တွေ မုန့်နံ့တွေကမွှေးနေရောဘဲ
အသံ တွေကအိမ်နောက်ဘေးကကြားရတာမလို့ အိမ်နောက်ဘေးသာတန်းသွားလိုက်တယ်
"ဒေါ်လေး အစောကြီးချက်လှ ပြတ်လှကြီးလား
"ငါတူကြီးရောက်လာပြီးလား ဒေါ်လေးက အခုဘဲလှမ်းခေါ်တော့မလို့။
"မုန့်ကျွေးမလို့လားဒေါ်လေး
" အေး ရွှေကြည်( ဆနွင်းမကင်း) မုန့်လေးရနေပြီမလို့ မြည်းခိုင်းမလို့
နွေဦးပြုံးလိုက်ပြီး ဒေါ်လေးအေးကြည် ကမ်းပေးတဲ့ပန်ကန်ထဲက မုန့်လေးကိုစားကြည့်လိုက်တယ်
မုန့်လေးကအိစက်ပြီး မြေပဲဆီနံ့လေးကလဲသင်းနေရော ဝယ်စားတဲ့ဟာတွေထက် အများကြီးပိုကောင်းတယ် နွေဦးနှစ်ခုလောက်စားလိုက်ပြီး
"ကောင်းတယ်ဒေါ်လေး မြို့မှဝယ်စားရတဲ့ဟာတွေထက်အများကြီးပိုကောင်းတယ်
"ကြိုက်ရင်များများစား
"ဟုတ် ဒါနဲ့ကျောက်ခဲဘယ်သွားတာလဲဟင်မမြင်လို့
"ဟိုဘက်ရွာကို ငါးသွားယူခိုင်းလိုက်တယ်
" အော်ဟုတ် ကျွန်တော်ဘာကူလုပ်ပေးရအုံးမလဲ
ဘာစားစရာရှိရှိကိုယ်အိမ်ကိုလာပေးလာကျွေး ပြောဆိုဆုံးမသွန်သင်နေတာဆိုတော့ ကိုယ်မိသားစုလိုဖြစ်နေပြီ
