ဟန့်မှာ သူ့အား ဘာမှမပြောတော့ပဲ ကြည့်နေသူအား စိတ်ဆိုးသွားမည်ကိုလည်း စိုးရိမ်သည်။ ဟန် ဆိုးနေိမတာကိုလည်းသိသည်။ ဒါတွေကြောင့် စိတ်ပျက်သွားမှာကိုလည်း ကြောက်မိသည်။

" ဟို ဉီးဇန် အဆင်မပြေရင် ကျွန်တော်သွားလဲလိုက်ပါ့မယ်ဗျ။ "

" ရတယ်။ သွားရအောင် "

" စိတ်ဆိုးသွားတာလားဗျ။ ကျွန်တော်က ဒီတိုင်း ဉီးဇန်ကို စလိုက်တာပါ။ "

တဖြည်းဖြည်း ပျက်ယွင်းသွားတဲ့ မျက်နှာလေးကိုကြောင့် ဉီးဇန် ပြာယာခတ်သွားရပြန်သည်။ သူ ဘာလုပ်မိလို့ ကောင်လေးက ဒီလိုဖြစ်သွားရတာလဲ။

" ဟန် ​ကိုယ့်ကိုကြည့်။ "

" ပြောပါဗျ။ "

" စိတ်ရှုပ်သွားတာလား ဟန်။ ကိုယ် ချုပ်ချယ်တာမဟုတ်ပါဘူး။ ဘယ်လိုပြောရမလဲ။ ဟန်က ကိုယ့်မျက်လုံးထဲမှာ ချစ်ဖို့ကောင်းနေတော့ တခြားသူတွေကြည့်ကြမှာ စိုးလို့ပါ။ "

ဒါက ဉီးဇန် သဝန်တိုနေခြင်းလား။

" သူတို့ဘာသာကြည့်တာကို "

" အင်း ကိုယ်သိတယ်။ ဒါပေမယ့် ဟန့်ကို ကိုယ်တစ်ယောက်တည်းပဲ ကြည့်ချင်တာ။ "

ဉီးဇန်ရဲ့ စကားကြောင့် ဟန် မျက်နှာပူလာသလို ခံစားရ၏။ ဒီလူကြီး ပြောရဲဆိုရဲရှိလာလိုက်ပုံကတော့ ဘယ်သူ မြှောက်ပေးလိုက်သည်မသိ။

" စိတ်မဆိုးနဲ့။ ကိုယ်က ဟန်စိတ်ချမ်းသာဖို့ အရေးကြီးတာမို့လို့။ "

..............

စိတ်ဆိုးပြေသွားပုံရတဲ့ အမျိုးသားငယ်က ဉီးဇန်ဘေးမှာ ထိုင်ရင်း မျက်နှာလေးပြုံးလို့နေသည်။ မွေးနေ့ကို အရင်မသွားသေးပဲ ပန်းဆိုင်လေးတစ်ဆိုင် ဝင်ပေးပါဆိုတာကြောင့် ကားလေးဟာ ပန်းဆိုင်ကို ဉီးတည်ပြီး မောင်းလာ၏။

ဆိုင်ရှေ့ကို ရောက်တော့

" ကျွန်တော်ပဲ ဆင်းသွားလိုက်မယ်ဗျ။ "

" အင်း ဂရုစိုက် "

" ဟုတ်ကဲ့ "

ဉီးဇန်မှာ ဆိုင်ထဲ ဝင်သွားတဲ့ ဟန့်အား ကြည့်လိုက်ပြီး ပြုံး၏။ မွေးနေ့ရှင်က ဉီးဇန်ရဲ့အမေဖြစ်သော်လည်း ပန်းလေးတွေလက်ဆောင်ပေးဖို့ တတ်ကြွနေသူက ဟန်ဖြစ်သည်။

DEARESTWhere stories live. Discover now